တယ်လ်အဗီး သေနတ်သမား လွတ်မြောက်နေ


အစ္စရေး နိုင်ငံ တယ်လ်အဗီး မြို့မှာ သေနတ် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ပြီး လူ နှစ်ယောက် သေဆုံး သွားပါတယ်။

၇ ယောက်လည်း ဒဏ်ရာရ သွားပြီး အဲဒီထဲက ၄ ယောက်ဟာ ဒဏ်ရာ ပြင်းထန်ပါတယ်။

တယ်လ်အဗီး မြိုလယ် လူစည်ကားရာ ဘားဆိုင်ကို သေနတ်သမား တစ်ဦးက မောင်းပြန် ရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမား ဆိုင်ပြင်ကနေ ပစ်ခတ် နေပုံကို ရိုက်ကူး မိလိုက်တဲ့ စီစီတီဗွီ ဗီဒီယို မှတ်တမ်းကိုလည်း ရုပ်မြင်သံကြား ကနေ ပြသနေ ပါတယ်။

ဘယ်လို ရည်ရွယ်ချက်မျိုး နဲ့ အခုလို တိုက်ခိုက် ခဲ့သလဲ ဆိုတာ မသိရ သေးဘူးလို့ ရဲတပ်ဖွဲ့ က ပြောသလို၊ အခင်း ဖြစ်ရာ နေရာကနေ ထွက်ပြေး သွားခဲ့တဲ့ သေနတ်သမားကို လိုက်လံ ရှာဖွေ နေကြ ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တယ်လ်အဗီး သေနတ်သမား လွတ်မြောက်နေ  တယ်လ်အဗီး သေနတ်သမား လွတ်မြောက်နေ Reviewed by THITHTOOLWIN on 04:41 Rating: 5
Powered by Blogger.