အမေရိကန်ကို ဟိုက်ဒရိုဂျင်ဗုံးဖြင့် တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်


ဆိုးလ် ၊ ၁၃-၁-၂၀၁၆

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အသေးဆုံး နျူကလီးယား လက်နက်ကို တီထွင်ထုတ်လုပ် နိုင်ခဲ့ကြောင်း အတည်ပြု ပြောကြား ပြီးနောက် အမေရိကန် ပြည်ထောင်စု တစ်ဝန်းကို တစ်ကြိမ်တည်းနှင့် ချေမှုန်းနိုင်စွမ်း ရှိသည့် ဟိုက်ဒရိုဂျင်ဗုံး များဖြင့် တိုက်ခိုက်သွားရန် အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြား ထားသည်။

မြောက်ကိုရီးယား နိုင်ငံက နောက်ဆုံး ပြုလုပ်နိုင်ခဲ့သော နျူကလီးယား စမ်းသပ်မှုသည် အရွယ်အစား မျိုးစုံသော နျူကလီးယား ဗုံးများကို ကြဲချနိုင်စွမ်းရှိပြီး အဆင့်မီသော ဟိုက်ဒရိုဂျင်ဗုံး များကို တပ်ဆင်ကာ ပစ်လွှတ်နိုင်စွမ်း ရှိသည့် ပဲ့ထိန်းဒုံးကျည် များကို အပြည့်အဝ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ရည်ညွှန်းခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာန က ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ဇန်နဝါရီ ၆ ရက်က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုသည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ဖြစ်သည် ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန် က ပြောကြား ထားသည်။

ထို့ပြင် အဆိုပါ စမ်းသပ်မှုသည် မည်သူ့ကိုမျှ ခြိမ်းခြောက်ရန် သို့မဟုတ် မည်သည့် နိုင်ငံကိုမျှ ကျူးကျော်ရန် မဟုတ်ကြောင်း KCNA သတင်းဌာနက ဆက်လက်ဖော်ပြ ထားသည်။

မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပါ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ကြီးမားစွာ ပြန်လည်ပေးဆပ် ရမည်ဟု တောင်ကိုရီးယား နိုင်ငံက ပြောကြားထားပြီး ၄င်း၏ မဟာမိတ် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက ပြစ်တင်ရှုတ်ချပြီး အရေးယူမှုများ လုပ်ဆောင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အမေရိကန်ကို ဟိုက်ဒရိုဂျင်ဗုံးဖြင့် တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်  အမေရိကန်ကို ဟိုက်ဒရိုဂျင်ဗုံးဖြင့် တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက် Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.