ချစ်သူချင်းချိန်းတွေ့စဉ် အမျိုးသားက အမျိုးသမီးမျက်နှာအား ဓားဖြင့်ထိုးခြစ်မှုဖြစ်


ရန်ကုန် ဇန်နဝါရီ ၂၆

ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီခန့်က အလုံမြို့နယ် ဌာနာရပ်ကွက် လိုတရ စားသောက်ဆိုင်တွင် သမီးရည်းစားချိန်းတွေ့ရာမှ စကားများကြပြီး အမျိုးသားက အမျိုးသမီးအား စက္ကူဖြတ်သည့် ခလုတ်ဓားဖြင့် မျက်နှာအား ထိုးခြစ်မှုဖြစ်ခဲ့သည်။

အလုံမြို့နယ် ဌာနာရပ်ကွက် အလုံလမ်းရှိ လိုတရစားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မ---(၂၄)နှစ်သည် အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက် နှင်းဆီကုန်းလမ်း အမှတ်(၇၁/မြေညီ)တွင် နေထိုင်သူ ကျော်ဇင်ဦး(၂၈)နှစ်နှင့် သမီးရည်းစားချိန်းတွေ့စဉ် ဖြစ်ခဲ့သော မှုခင်းဖြစ်သည်။

မ---မှာ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ်(မစိုးရိမ်ရ) ဆေးကုသခံနေရသည်။ အခင်းဖြစ်ပွားမှုအား မ---၏ မိခင်(လှိုင်သာယာနေထိုင်သူ)မှ သိရှိပြီး တိုင်ကြားခဲ့ရာ အလုံမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ချစ်သူချင်းချိန်းတွေ့စဉ် အမျိုးသားက အမျိုးသမီးမျက်နှာအား ဓားဖြင့်ထိုးခြစ်မှုဖြစ်  ချစ်သူချင်းချိန်းတွေ့စဉ် အမျိုးသားက အမျိုးသမီးမျက်နှာအား ဓားဖြင့်ထိုးခြစ်မှုဖြစ် Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.