ပါကစ္စတန် အနောက်မြောက်ပိုင်း ချာဆာဒါမြို့ရှိ ဘာချာခန်ဘတက္ကသိုလ်အတွင်း စီးနင်းထားတဲ့ စစ်သွေးကြွဘအကြမ်းဖက်ဘသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၅၀ ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
၃ နာရီခန့် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တက္ကသိုလ်ဝင်းအတွင်း လုံခြံရေးတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်လို့ စစ်ဘက်ဆိုင်ရာမှ ပြောကြားပါတယ်။
ချာဆာဒါမြို့ဟာ မြို့တော် အစ္စလာမာဘတ်နဲ့ မိုင် ၃၀ လောက်သာ ကွုာဝေးသာ ဖြစ်ပါတယ်။
သေနတ်သမား ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်ဘက်က ပြောပါတယ်။
ကျောင်းသားအချို့ကို ကယ်တင်နိုင်ခဲ့ပြီး အနည်ဆုံး ၃ ဦး ဒဏ်ရာရရှိတယ်လို့ ဒုစစ်ဆေးရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ဆာအဒ် ၀ါဇာက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် ၉ နာရီခွဲလောက်မှာ အကြမ်းဖက်သမားတွေက တက္ကသိုလ်အတွင်း ဖောက်ခွဲမှုတွေပြုလုပ်ပြီး စီးနင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်ဝင်းကို သံချပ်ကာ ကားတွေနဲ့ ၀န်းရံ ပိတ်ဆို့ထားကြပါတယ်။
သေဆုံးသူ ၅ ဦးကို သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိရကြောင်း အရေးပေါ် ကယ်ဆယ်ရေးအရာရှိ ဘီလား ဖာဇီက အေအက်ပီကို ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese/
ပါကစ္စတန်မှ ဘာချာခန်တက္ကသိုလ်ကို သေနတ်သမားတွေ စီးနင်းပစ်ခတ်
Reviewed by THITHTOOLWIN
on
17:19
Rating:
