ဈေးကွက်တည်ငြိမ်မှုရှိဖို့ တရုတ်က သတ်မှတ်ချက်တွေ ပြောင်းလဲ

အစုရှယ်ယာ ဈေးကွက်ဇယား (Credit: Reuters) 
တရုတ်နိုင်ငံ ​အစိုးရက ​အစုရှယ်ယာ ​ဈေးကွက်မှာ ​တည်ငြိမ်မှုတွေ ​ရှိလာစေဖို့အတွက် ​သတ်မှတ်ချက်တွေကို ​ပြောင်းလဲ ​လိုက်ပါတယ်။

Circuit ​breakers ​လို့ခေါ်တဲ့ ​စည်းမျဉ်းစည်းကမ်းကို ​ဖယ်ရှားလိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​စည်းမျဉ်းအရ ​တရုတ်နိုင်ငံရဲ့ ​အစုရှယ်ယာ ​၇% ​ထိုးဆင်းသွားတဲ့အခါ ​ဈေးကွက်ကို ​ရပ်တန့်ဖို့ ​ဖြစ်ပေမယ့် ​အခုအခါမှာတော့ ​ဖယ်ရှားလိုက်တာ ​ဖြစ်ပါတယ်။

Circuit ​breakers ​ဟာ ​ကောင်းကျိုးထက် ​ဆိုးကျိုး ​ပိုဖြစ်စေတာကြောင့် ​ဖယ်ရှားလိုက်တာလို့ ​ပြောပါတယ်။

Circuit ​breakers ​ကို ​မကြာသေးခင်တုန်းက ​စတင်အသုံးပြုကတည်းက ​အစုရှယ်ယာဈေးတွေ ​အလျင်အမြန် ​ထိုးဆင်းပြီးတဲ့နောက် ​ဈေးကွက် ​မတည်ငြိမ်မှုတွေ ​ဖြစ်ခဲ့ပါတယ်။

တရုတ်အစိုးရက ​တရုတ်ငွေတန်ဖိုး ​ကျဆင်းအောင် ​လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း ​လူတွေက ​စိုးရိမ်ပြီး ​အစုတွေကို ​ထိုးရောင်းခဲ့ရာက ​မတည်ငြိမ်မှုတွေ ​ဖြစ်ပေါ်နေတာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ​စီးပွားရေး ​ကျဆင်းမှုတွေက ​သြစတြေးလျ ​ဈေးကွက်မှာလည်း ​ထိခိုက်နစ်နာမှုတွေ ​ဖြစ်နေရပါတယ်။

အမေရိကန်နဲ့ ​ဥရောပ ​ဈေးကွက်ကတော့ ​တောင့်ခံနိုင်ဆဲရှိတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဈေးကွက်တည်ငြိမ်မှုရှိဖို့ တရုတ်က သတ်မှတ်ချက်တွေ ပြောင်းလဲ ဈေးကွက်တည်ငြိမ်မှုရှိဖို့ တရုတ်က သတ်မှတ်ချက်တွေ ပြောင်းလဲ Reviewed by THITHTOOLWIN on 14:28 Rating: 5
Powered by Blogger.