တူရကီ ပေါက်ကွဲမှု ၁၀ ဦးထက်မနည်း သေဆုံး


တူရကီနိုင်ငံ Istanbul မြို့လည်ခေါင် သမိုင်းဝင်ရပ်ကွက်မှာ ဒီကနေ့ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် အနည်းဆုံးသေဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ Istanbul မြို့တော်ဝန်က ပြောပါတယ်။

Sultanahmet ရပ်ကွက်မှာ ဘာ့ကြောင့်ပေါက်ကွဲမှု ဖြစ်တာလဲ ၊ ဘယ်သူကလုပ်ဆောင်တာလဲဆိုတာ စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့ မြို့တော် အစိုးရ website မှာ ဖော်ပြထားတဲ့ ကြေငြာချက်မှာ ပြောထားပြပါတယ်။

Ankara မြို့တော်က ရထား ဘူတာရုံ တရုံ အပြင်ဘက်မှာ စုဝေးနေကြတဲ့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေကို အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ ခု ပြုလုပ်ခဲ့လို့ လူရာကျော် သေဆုံးခဲ့ရတဲ့ အောက်တိုလာလ ကတည်းက တိုက်ခိုက်မှုထပ်ဖြစ်လာနိုင်လို့ သတိပေးချက် ထုတ်ပြန်ထားရတာပါ။

အသေခံဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတဲ့ IS အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့ဝင် ၂ ဦး ကို ဖမ်းမိခဲ့ပြီး နောက်မှာလည်း Ankara မြို့တော်မှာ နှစ်သစ်ကူးပွဲတော် ကျင်းပဖို့အစီအစဉ်ကို အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တူရကီ ပေါက်ကွဲမှု ၁၀ ဦးထက်မနည်း သေဆုံး  တူရကီ ပေါက်ကွဲမှု ၁၀ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.