နှင်းမုန်တိုင်းကြောင့် ပြည်နယ် ၁၁ ပြည်နယ်မှာ အရေးပေါ်ကြေညာ


အမေရိကန်ပြည်ထောင်စုမှာ ၃၆ နာရီကြာ ဆက်တိုက် တိုက်ခတ်မယ့် နှင်းမုန်တိုင်းကြောင့် နယူးရောက်မြို့မှာ ဆိုရင်အိမ်ပြင် မထွက်ကြဖို့ မြို့တော်ဝန်က ထပ်မံ သတိပေးလိုက်ပါတယ်။

မြို့တော်ဝါရှင်တန်ဒီစီမှာဆိုရင် နှင်းထုဟာ ၂ ပေအထိ ရှိနေပြီး မြို့ပတ်ရထား ဘတ်စ်ကား ရုံးတွေ ကျောင်းတွေ အားလုံး ပိတ်ထားရပါတယ်။

နှင်းပုံတွေအပြင် လေပြင်းတိုက်ခတ်မှုကလည်း တစ်နာရီ မိုင် ၅၀ နီးပါးအထိ ဖြစ်နိုင်တယ်လို့ ပြောထားတာကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး နှင်းမုန်တိုင်း တိုက်ခတ်မှုလည်း ဖြစ်ပါတယ်။

ပြည်နယ်တစ်ချို့မှာ နှင်းမုန်တိုင်းကြောင့် မတော်တဆကားတိုက်မှုတွေကနေ သေဆုံးသူ ၁၈ ဦးရှိသွားပြီလို့လည်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ခြမ်း ပြည်နယ်တွေဖြစ်တဲ့ နယူးရောက် ၀ါရှင်တန်ဒီစီ ဗါဂျီးနီးယား မြောက်ကာရိုလိုင်းနား စတဲ့ပြည်နယ် ၁၁ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားရတာ ဖြစ်ပါတယ်။

ဓါတ်ပုံ AFP
RFA Burmese
https://www.facebook.com/RFA-Burmese
နှင်းမုန်တိုင်းကြောင့် ပြည်နယ် ၁၁ ပြည်နယ်မှာ အရေးပေါ်ကြေညာ  နှင်းမုန်တိုင်းကြောင့် ပြည်နယ် ၁၁ ပြည်နယ်မှာ အရေးပေါ်ကြေညာ Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.