အာဖရိကမှာ လူ၁၄ သန်းလောက် အစာရှားမှုကြုံ

(Credit: ABC Licensed) 
အာဖရိက ​တောင်ပိုင်းမှာ ​El ​Nino ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​လူပေါင်း ​၁၄ ​သန်းလောက် ​အစားအစာ ​မလုံလောက်မှုတွေနဲ့ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂရဲ့ ​ကမ္ဘာ့စားနပ်ရိက္ခာ ​အဖွဲ့က ​ပြောပါတယ်။

အယ်လ်နီနို ​ရာသီ ​ဥတု ​ဖြစ်စဉ်ကြောင့် ​မိုးခေါင်ရေရှားမှုတွေ ​ဖြစ်ပြီး ​အဆိုးဝါးဆုံးကတော့ ​မာလာဝီ ​နိုင်ငံမှာ ​ဖြစ်ပါတယ်။

အစာရှားပါးမှုကို ​ဒုတိယ ​အများဆုံး ​ကြုံနေရတာကတော့ ​Madagascar ​နိုင်ငံဖြစ်ပြီး ​အဲဒီနောက်မှာတော့ ​ဇင်ဘာဗွေ ​နိုင်ငံက ​နောက်လိုက်နေပါတယ်။

အရင်နှစ်တုန်းက ​ရာသီဥတု ​ဆိုးဝါးလို့ ​သီးနှံတွေ ​ရှားပါးနေသလို ​ဒီနှစ်နဲ့ ​လာမဲ့ ​နှစ်မှာလည်း ​မိုးခေါင်ရေရှားမယ့် ​အနေအထား ​ရှိနေတာကြောင့် ​စိုးရိမ်နေကြပါတယ်။

အယ်နီနို ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​ပစိဖိတ် ​ဒေသက ​နိုင်ငံတွေမှာ ​အစာရှားပါးမှု ​ဖြစ်ခဲ့သလို ​သြစတြေးလျ ​နိုင်ငံ ​မြောက်ပိုင်းမှာလည်း ​မိုးခေါင်ရေရှားပြီး ​ဖိလစ်ပိုင်နိုင်ငံမှာလည်း ​အလားတူ ​ပြဿနာတွေ ​ကြုံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ​အလားတူ ​ဖြစ်လာနိုင်တာကြောင့် ​ကြိုတင်ပြင်ဆင်ကြဖို့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​က ​သတိပေးထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အာဖရိကမှာ လူ၁၄ သန်းလောက် အစာရှားမှုကြုံ အာဖရိကမှာ လူ၁၄ သန်းလောက် အစာရှားမှုကြုံ Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.