ဘုရားကုန်းကျေးရွာတွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


သာပေါင်း ဇန်နဝါရီ ၁

သာပေါင်းမြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ရပ်ကွက် (၂)အပိုင်းတွင် ဒီဇင်ဘာ ၃ဝရက် မွန်းလွဲ ၁နာရီခွဲခန့်က ဒေါ်အုန်းမေနေအိမ်မှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ် ရှစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ သာပေါင်းမြို့နယ် မီးသတ်စခန်းမှ တာဝန်ခံ ဦးနိုင်ဦး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးဘေးသင့်အိမ်ထောင်စုများအား မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်သူက ဆန်လေးအိတ်၊ ဘုရားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စောင် ၃၉ ထည်၊ ဦးနေလှိုင်မင်း မိသားစုက ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ ဖျာ၊ အချိုရည်၊ စတီးဇလုံများ၊ ကွင်းပေါက်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စု ရှစ်စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ ဦးဇော်မျိုးထွန်း မိသားစုက အဝတ်အထည်မျိုးစုံ ရှစ်အိတ်၊ ဘုရားကုန်းကျေးရွာပြည်သူများက ဆန်၊ အဝတ် အထည်မျိုးစုံ၊ အချိုရည်၊ မီးဖိုချောင်သုံး အိုး၊ ခွက်များအား မီးဘေးသင့်အိမ်ထောင်စုများထံ လာရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

(မျိုးဇော်ဦး)
https://www.facebook.com/TheMirrorDaily
ဘုရားကုန်းကျေးရွာတွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား  ဘုရားကုန်းကျေးရွာတွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:56 Rating: 5
Powered by Blogger.