ပင်လုံမြို့ တွင် မိုးသည်းထန်ပြီး တစ်မြို့လုံးနီးပါး မိုးသီးများဖုံးလွှမ်း


ပင်လုံ၊ ဇန်န၀ါရီ ၂၅ ၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့တွင် ယနေ့ ( ဇန်န၀ါရီ ၂၅) နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီး၊ ပင်လုံတစ်မြို့လုံးနီးပါး မိုးသီးများ ဖြင့်ဖုံးလွှမ်းသွားခဲ့ကြောင်း ပင်လုံမြို့ခံများက ဇန်န၀ါရီ ၂၅ ရက်နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

" မနက်စောစောပိုင်းမှာ မိုးက ၊ နည်းနည်းပဲရွာတယ်၊ ၁၀ နာရီလာက်ရောက်တော့ မိုးသည်းပြီး၊ မိုးသီးတွေပါကျလာတယ်။ မိုးသီးတွေကတော်တော်ကြီးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မိုးမရွာဘူး၊ ကောင်းကင်တစ်ခုလုံးမဲမှောင်နေတယ်။ ရာသီဥတုကလည်း အခုရက်ပိုင်းမှာတော်တော်လေးအေးလာတယ်။ " ဟု ပင်လုံမြို့ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နန်းဆိုင်အောင်ကပြောသည်။

"အရင်ကလည်းဒီလိုပဲမိုးသီးတွေကျတတ်တယ်။ ဒီ့ထက်ဆိုးတာတောင်ရှိတယ်။ မိုးသီးတွေကျရင် သီးနှံတွေပျက်စီးတယ်” ဟု ပင်လုံမြို့ခံသတင်းထောက်တစ်ဦးဖြစ်သူ နန်းနောင့်နောင့် ကပြောသည်။

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်လမ်းများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေသည်ဟုလည်း တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

--- နောင့်နောင့်
photo by- NN
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/

ပင်လုံမြို့ တွင် မိုးသည်းထန်ပြီး တစ်မြို့လုံးနီးပါး မိုးသီးများဖုံးလွှမ်း  ပင်လုံမြို့ တွင် မိုးသည်းထန်ပြီး တစ်မြို့လုံးနီးပါး မိုးသီးများဖုံးလွှမ်း Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.