ဆီးရီးယားမှာအငတ်ဘေးကြုံနေတဲ့မြို့ကိုကူညီခွင့်ပေးမယ်

လူတွေသေလုမြောပါးအငတ်ဘေးကြုံနေရ
ဆီးရီးယား နိုင်ငံမှာ အစိုးရ စစ်တပ် ဝိုင်းထားလို့ မြို့ခံတွေ အစာငတ်ပြီး သေလုနီးပါး ဖြစ်နေတဲ့ မာဒါယာမြို့ထဲ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက် အပံ့တွေ သွင်းခွင့်ပြုဖို့ ဆီးရီးယား အစိုးရက သဘောတူလိုက်ပြီလို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

တနင်္လာနေ့ကျရင် လက်ဘနွန်နိုင်ငံနဲ့ ကပ်လျက် နယ်စပ်နားမှာ ရှိတဲ့ ဆီးရီးယား သူပုန်တွေ ထိန်းချုပ်ထားရာ အဲဒီ မြို့ထဲကို အစားအသောက် အကူအညီ ကားတန်းကြီး ဝင်ခွင့်ရလိမ့်မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ် WFP က ဘီဘီစီကို ပြောပါတယ်။

အစိုးရနဲ့ သဘောတူချက် တစိတ်တပိုင်းအရ တူရကီနိုင်ငံနဲ့ ကပ်လျက် နယ်စပ်နားက ဆီးရီးယား အစိုးရ တပ်တွေ ထိန်းချုပ်ထားရာ Foua နဲ့ Kefraya ရွာနှစ်ရွာ ဆီကိုလည်း ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့နိုင်မယ်လို့ သိရပါတယ်။

မဒယာမြို့ကို အစိုးရတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ မဟာမိတ် ဟက်ဇ်ဘိုလာ တပ်ဖွဲ့တွေက လနဲ့ချီ ဝိုင်းဝန်း ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယို မြင်ကွင်းတွေထဲမှာ မြို့ခံတွေဟာ ပိန်ချုံး ချည့်နဲ့နေတာ တွေ့ရပါတယ်။

စားနပ်ရိက္ခာတွေ ပြတ်လပ်သွားအပြီး သစ်ရွက်တွေ၊ မြေကြီးတွေကိုတောင် စားနေရတယ်လို့ မြို့ခံ တချို့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားမှာအငတ်ဘေးကြုံနေတဲ့မြို့ကိုကူညီခွင့်ပေးမယ်  ဆီးရီးယားမှာအငတ်ဘေးကြုံနေတဲ့မြို့ကိုကူညီခွင့်ပေးမယ် Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.