အိမ်ရှေ့  ကားရပ်ရန် နေရာလုကြရာမှ ခိုက်ရန်ဖြစ်ပွား၍ သုံးဦးသေဆုံး


Bangkok 19-1-2016

ထိုင်းနိုင်ငံ ဘန်ကောက် ကနရောင် မြို့ နယ်အတွင်းက Soi Suan Sayam 15 စမ်စရမ် အမှတ် ၁၅ လမ်းမဘေးရှိ တိုက်တမ်းများတွင် ဆိုင်ချင်းကပ် ရက် နေသူတွေ ညဘက် ကားရပ်ရန် နေရာလုကြရာမှ သေနတ် ထုတ်ပစ်ခတ်ကြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး စီရိလပ် အသက် ၄၆ နှစ် နဲ့  သူမရဲ့  ဆိုင်မှာ လုပ်နေသူ အလုပ်သမား (ကမ္ဘောဒီးယား နိုင်ငံသား) တို့  ဆိုင်ေ၇ှ့ မှာ ပိတ်ပြီး ရပ်နေတာကို အိမ်နီးချင်း အမျိုးသား ဖတ်စဖွန် ဆိုသူက ကားရပ်ဘို့ နေရာ ဖယ်ပေးရန်ပြောရာကနေ စတင် ရန်ပွဲဖြစ် ပွားခဲ့ကြောင်း၊ အမျိုးသားက သေနတ်ထုတ်ပြီး ပစ်ခဲ့တဲ့အတွက် အမျိုးသမီးနဲ့  အလုပ်သမားတဦး ထိမှန်သွား ခဲ့ပါတယ်၊ အမျိုးသမီးဘက်ကနေ ကူပြောပေးတဲ့ အနီးမှ အမျိုးသားတဦး ကတော့သူ့ အိမ်အတွင်းဝင်ပြေးသွားချိန်မှာ သေနတ်သမားက အိမ်တွင်းဝင်လိုက်လာခဲ့ပြီး ထပ်ပစ်ခဲ့တာပါ။

တရားခံ ဖတ်စဖွန် ကိုတော့ ရဲတွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယခုဖြစ်ရပ်ကြောင်း သုံးဦးစ လုံး ဆေးရုံမှာသေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံတွင်ထုတ် ဝေနေသည့် ဘန်ကောက်ပိုစ့် သတင်းတွင် ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အိမ်ရှေ့  ကားရပ်ရန် နေရာလုကြရာမှ ခိုက်ရန်ဖြစ်ပွား၍ သုံးဦးသေဆုံး   အိမ်ရှေ့  ကားရပ်ရန် နေရာလုကြရာမှ ခိုက်ရန်ဖြစ်ပွား၍ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 16:37 Rating: 5
Powered by Blogger.