အီဂျစ်နိုင်ငံ ဂီဇာပြည်နယ် ပေါက်ကွဲမှုတွင် ရဲ ၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး

ဗုံးပေါက်ကွဲမှု နေရာတဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဆင်ဟွာ)
    ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

    အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် အနီး ဂီဇာပြည်နယ်တွင် အကြမ်းဖက်သမားများ ပုန်းအောင်းနေရာ တစ်ခုကို လုံခြုံရေး တပ်များ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ရဲ ၇ ဦးအပါအဝင် လူပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် Ahram အွန်လိုင်း သတင်းဋ္ဌာနက တင်ပြထားသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဂီဇာပြည်နယ် Mariotya ခရိုင်ရှိ အကြမ်းဖက်သမား အဖွဲ့ ပုန်းအောင်းရာအဖြစ် အသုံးပြုသည့် တိုက်ခန်းတစ်ခုတွင် စနက်တံပြုတ်ခါနီး ဗုံးတစ်လုံးအား ရဲအဖွဲ့က ဖယ်ရှားရန် ကြိုးပမ်းရာမှ ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူ ၁၃ ဦး အနက် နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေ ၌ ရှိနေကြောင်း သိရသည်။

အီဂျစ်နိုင်ငံသည် အထူးသဖြင့် ဆိုင်းနိုင်း ကျွန်းဆွယ်ဒေသတွင် အစိုးရ ဆန့်ကျင် တိုက်ခိုက်မှုများအား ရင်ဆိုင် နေရပြီး ယင်းတိုက်ခိုက်မှုများကြောင့် ရဲနှင့် စစ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

အကြမ်းဖက် တိုက်ခိုက်မှု အများစုမှာ Ansar Bayt al-Maqdis စစ်သွေးကြွအဖွဲ့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ယင်းဒေသ အား ဆိုင်းနိုင်း နိုင်ငံ ဟု အမည်ပြောင်းလဲကာ အိုင်အက်စ် အဖွဲ့ သစ္စာခံယူကြောင်း ကြေညာထား သည်။

(Xinhua)
http://www.xinhuamyanmar.com
အီဂျစ်နိုင်ငံ ဂီဇာပြည်နယ် ပေါက်ကွဲမှုတွင် ရဲ ၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး အီဂျစ်နိုင်ငံ ဂီဇာပြည်နယ် ပေါက်ကွဲမှုတွင် ရဲ ၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.