မူးယစ်ရာဇာနဲ့ တွေ့ခဲ့တဲ့ ရှောင်ပဲန်း အဝေဖန် ခံနေရ


မက္ကဆီကို မူးယစ်ရာဇာ ဟွာခင်းမ် ဂုဇ်မန် နဲ့ တွေ့ဆုံ မေးမြန်းတာ တွေ လုပ်ခဲ့တဲ့ ဟောလီဝုဒ် ရုပ်ရှင်မင်းသား ရှောင်ပဲန်း အဝေဖန် ခံ နေရပါတယ်။

ဂုဇ်မန် ကို မက္ကဆီကို အာဏာပိုင် တွေ ပြန်ဖမ်း မိခဲ့ အပြီး နောက် တစ်ရက် မှာပဲ ရှောင်ပဲန်း နဲ့ တွေ့ဆုံ မေးမြန်း ထားတာတွေ ကို Rolling Stone မဂ္ဂဇင်းမှာ ဖော်ပြ ခဲ့ပါတယ်။

ဂုဇ်မန် နဲ့ တွေ့ခဲ့တဲ့ အတွက် ရှောင်ပဲန်း အပေါ် မေးခွန်း ထုတ် စရာတွေ ဖြစ်လာ စေတယ် လို့ အိမ်ဖြူတော် အရာရှိ တစ်ဦး ဖြစ်တဲ့ ဒဲန်းနစ္စ မက်ဒေါနား က ပြော လိုက် သလို၊ ရီပတ်ဘလေကဲန် သမ္မတ လောင်း ဖြစ်ဖို့ ကြိုးစားနေတဲ့ မာကို ရူဘီယို ကလည်း အင်မတန် အရုပ်ဆိုးတဲ့ လုပ်ရပ် ပဲ ဆိုပြီး ဝေဖန် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ တုန်းက ဂုဇ်မန် ပုန်းခို နေတဲ့ လျှို့ဝှက် တနေရာမှာ သွားတွေ့ခဲ့တဲ့ မင်းသား ရှောင်ပဲန်း အပေါ် စုံစမ်းမှု တွေ လုပ်ရမလား ဆိုတာ မက္ကဆီကို အစိုးရက စဉ်းစား နေတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

ရှောင်ပဲန်း နဲ့ အင်တာဗျူးထဲမှာ ဂုဇ်မန် က သူဟာ ကမ္ဘာ ပေါ်မှာ ဘိန်းဖြူ၊ မက်သမ်ဖက်တမင်း စိတ်ကြွဆေး၊ ကုတ်ကင်း နဲ့ ဆေးခြောက် တွေ အဓိက ဖြန့်ဖြူးသူ ဖြစ်ခဲ့တယ် ဆိုပြီး ဝန်ခံ ထားပါတယ်။

ရှောင်ပဲန်း ကတော့ “ဟုတ်တယ်၊ သူ ဂုဇ်မန်ကို အင်တာဗျုး လုပ်ခဲ့တယ်၊ ဘာလို့လည်း ဆိုတော့ ဂုဇ်မန့် ဖောက်သည် တွေထဲမှာ အမေရိကန်လည်း ပါနေတာ ကြောင့်၊ မူးယစ် ကုန်သွယ်မှု နဲ့ အကြမ်းဖက် မှုတွေ မှာ အမေရိကန် လည်း တစိတ်တပိုင်း ပါဝင် ပတ်သက်နေတယ်။” ဆိုပြီး ပြောခဲ့ ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မူးယစ်ရာဇာနဲ့ တွေ့ခဲ့တဲ့ ရှောင်ပဲန်း အဝေဖန် ခံနေရ  မူးယစ်ရာဇာနဲ့ တွေ့ခဲ့တဲ့ ရှောင်ပဲန်း အဝေဖန် ခံနေရ Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.