အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ သတ္တုဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပါမစ်သစ်များ ချပေးသွားမည်ဟု ဆို


ကမ္ဘာ့ကျောက်စိမ်း ထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးသည့် ဖားကန့်ဒေသတွင် တူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေခြင်း အပေါ် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်လျက်ရှိသော်လည်း သတ္တုတွင်း ၀န်ကြီးဌာနသည် ၂၀၁၅ သြဂုတ်က ဖိတ်ခေါ်ခဲ့သည့် လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်အသစ်များ အတွက် နောက်ဆုံး လျှောက်ထား ရမည့်ရက်ကို ၂၀၁၆ ဇန်န၀ါရီ ၁၈ ထိ တိုးမြှင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

ထိုပါမစ်များအား စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး နှင့် မော်ဟန် ဒေသများ ပါဝင်သည်။ ရှမ်းပြည်နယ်အလယ်ပိုင်းရှိ မိုင်းရှူး ဒေသမှ ပတ္တမြားထွက်ရှိမှုကြောင့် လူသိများပြီး လက်ရှိတွင် အစိုးရ စစ်တပ်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ့ကျောက်မျက်လုပ်ငန်းမှ ဦးသက်ခိုင်က ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်း စီမံကိန်းများကို ရပ်နားမည် မဟုတ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ပါမစ်သစ်များ အတွက် လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်ကို ပြောင်းလဲ သတ်မှတ်ပေးရခြင်းမှာ လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ချိန် ရရှိစေ ရန် ဖြစ်သည်ဟု ယင်းကဆိုသည်။

လက်ရှိ သတ်မှတ်ထားသည့် လုပ်ကွက်များအတွင်း (သို့) ပြင်ပတွင် လုပ်ငန်း ပါမစ် လျှောက်ထားလိုသူများသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် လုပ်ငန်း ရုံးချုပ်တွင် လျှောက်လွှာ တင်သွင်း ရမည် ဖြစ်ပြီး လျှောက်လွှာနှင့် အတူ အာမခံငွေ ၁၀ သိန်းကျပ်နှင့် လုပ်ငန်းခွင်ကြေးများ ကြိုတင်ပေးသွင်းရမည်ဟု ဆိုသည်။

The Ladies News
https://www.facebook.com/News.TheLadies
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ သတ္တုဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပါမစ်သစ်များ ချပေးသွားမည်ဟု ဆို  အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ သတ္တုဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပါမစ်သစ်များ ချပေးသွားမည်ဟု ဆို Reviewed by THITHTOOLWIN on 14:10 Rating: 5
Powered by Blogger.