ဘိန်းအသုံးပြုခဲ့သည့် စားသောက်ဆိုင် ၃၅ ဆိုင်ကို ဖော်ထုတ်


ပေကျင်း ၊ ၂၃-၁-၂ဝ၁၆

တရုတ်နိုင်ငံတွင် အရသာ ပိုမိုကောင်းမွန် စေရန်အတွက် အစားအစာများ အတွင်းဘိန်းများ ထည့်သွင်း အသုံးပြုလျက် ရှိသည့် စားသောက်ဆိုင် ၃၅ ဆိုင်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြောင်း ယင်းနိုင်ငံမှ အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး အဖွဲ့က ပြောကြားသည်။

ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည့် စားသောက်ဆိုင် များတွင် ရှန်ဟိုင်းမြို့နှင့် နိုင်ငံအနောက် တောင်ပိုင်းရှိ ချုံကင်းမြို့တို့မှ ခေါက်ဆွဲနှင့် အစာသွတ် ဖက်ထုပ်ဆိုင်များ ပါဝင်ကြောင်း၊ ၄င်းတို့အနက် စားသောက်ဆိုင် ငါးဆိုင်ကို အာဏာပိုင်များက တရားစွဲဆို ထားပြီး ကျန်ဆိုင်များကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ စားသောက်ဆိုင် များမှ စားဖိုမှူး များသည် ကိုဒင်းနှင့် မော်ဖင်း ကဲ့သို့သော ဘိန်းအနည်းငယ် ပါဝင်သည့် ငရုတ်ကောင်းမှုန့် များကို စွပ်ပြုတ်နှင့် ပင်လယ်စာ အတွင်းသို့ ထည့်သွင်းချက်ပြုတ် ခဲ့ကြကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဘိန်းအသုံးပြုခဲ့သည့် စားသောက်ဆိုင် ၃၅ ဆိုင်ကို ဖော်ထုတ်  ဘိန်းအသုံးပြုခဲ့သည့် စားသောက်ဆိုင် ၃၅ ဆိုင်ကို ဖော်ထုတ် Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.