ကလေးသူခိုးမဟုတ်ကြောင်း လူပုံအလယ်တွင် ကလေးကိုနို့တိုက်၍ သက်သေပြခဲ့ရ


မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မြွေရိုးကျေးရွာတွင် အမျိုးသမီးတစ်ဦးမှာ ကလေးသူခိုးဟုစွပ်စွဲခံရသ ဖြင့် လူအများရှေ့တွင် ကလေးကိုနို့တိုက်၍ သက်သေပြခဲ့ရကြောင်း အောင်လံမြို့မရဲစခန်းမှ သိရှိရသည်။

အောင်လံမြို့နယ် မြွေရိုးကျေးရွာ၌ ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ကလေးသူခိုးအဖွဲ့ ဖမ်းဆီးရမိထားကြောင်း သတင်းရသဖြင့် အောင်လံမြို့မရဲစခန်းမှူးနှင့်အဖွဲ့က အဆိုပါကျေးရွာသို့သွားရောက်ရာတွင် ကျေးရွာသို့ရောက်ရှိ လာသည့်အဖွဲ့မှာ ကလေးသူခိုးဟု စွပ်စွဲခံရခြင်းဖြစ်၍ ရဲစခန်းသို့ခေါ်ဆောင်ထိန်းသိမ်းခဲ့ရကြောင်း အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးနော်ခမ်း၏ ပြောကြားချက်အရ သိရသည်။

“အင်တာနက်ကတစ်ဆင့် ချစ်ကြိုက်ခဲ့ကြပြီး ခိုးယူပေါင်းသင်းဖို့ မြွေရိုးကျေးရွာကို ရောက်လာကြတာပါ။ ကောင်မလေးနဲ့ အဖော်ပြုလိုက်လာတဲ့အမျိုးသမီးမှာ တစ်နှစ်နဲ့သုံးလသားအရွယ် ကလေးငယ်တစ်ဦး ပါရှိလာတာကြောင့် ကလေးသူခိုးအဖွဲ့ထင်ပြီး ဖြစ်ကြတာပါ”ဟု ဒုရဲမှူး နော်ခမ်းကပြောသည်။
ကံမြို့နယ် ဇီးတောကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ၎င်းနှင့် အင်တာနက်တွင် သမီးရည်းစားဖြစ်ခဲ့သူ အောင်လံမြို့နေ ဆက်ထွန်းဦးဆိုသူနှင့် ခိုးရာလိုက်ပြေးရာတွင် သူမနှင့် အဖော်အဖြစ် သားအမိနှစ်ဦးအား ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ဆက်ထွန်းဦး၏ သူငယ်ချင်းဖြစ်သူ ချစ်တီး(ခ)သန့်ဇင်ထွန်းသည် မြွေရိုးကျေးရွာရှိ ၎င်းနှင့်ရင်းနှီးသူ ဦးမြင့်လွင်၏ နေအိမ်သို့ လာရောက်ပို့ဆောင်၍ တည်းခိုရန်ခေါ်ဆောင်လာရာမှ ၎င်းတို့လေးဦးအဖွဲ့ကို ကလေး သူခိုးအဖွဲ့ဟု စွပ်စွဲခဲ့ကြခြင်းဖြစ်သည်။

“ဦးမြင့်လွင်က ခရီးထွက်နေလို့ ရွာမှာရှိမနေတာကြောင့် ဆယ်အိမ်မှူးနေအိမ်ကို သွားပြီး ဧည့်စာရင်း တိုင်ကြတာပါ။ ကျွန်တော်တို့မှာ မှတ်ပုံတင်ပါမလာလို့ ဆယ်အိမ်မှူးနဲ့ စကားပြောဆိုနေတုန်းမှာ တုတ်တွေ၊ ဓားတွေကိုင် ထားတဲ့ ရွာသားတွေရောက်လာကြပြီး ကလေးသူခိုးအဖွဲ့လို့ စွပ်စွဲကြတာပါ”ဟု ချစ်တီး(ခ)သန့်ဇင်ထွန်းက ပြောသည်။

ရွာသားများက ၎င်းတို့အဖွဲ့တွင်ပါလာသည့် ကလေးအား ခိုးယူလာခြင်းဖြစ်မည်ဟု ထင်မှတ်၍ ကလေးသူခိုး မဟုတ်ပါက ကလေးကို နို့တိုက်၍သက်သေပြရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ကလေးအမေဖြစ်သူမှာ လူပုံ အလယ်တွင် ကလေးကို နို့တိုက်ပြခဲ့ရကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် စိုင်ကျကျေးရွာတွင်လည်း ဇန်နဝါရီ ၅ ရက်က ကလေးသူခိုးဟုစွပ်စွဲ၍ ရွှေပွဲစားအမျိုးသမီး တစ်ဦးအား နံရိုးနှစ်ချောင်းကျိုးသည်အထိ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ် စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ကလေးသူခိုးမဟုတ်ကြောင်း လူပုံအလယ်တွင် ကလေးကိုနို့တိုက်၍ သက်သေပြခဲ့ရ  ကလေးသူခိုးမဟုတ်ကြောင်း လူပုံအလယ်တွင် ကလေးကိုနို့တိုက်၍ သက်သေပြခဲ့ရ Reviewed by THITHTOOLWIN on 14:03 Rating: 5
Powered by Blogger.