ယနေ့ ဖားကန့်တွင် စွန့်ပစ်မြေဇာ ပြိုကျမှုကြောင့် လူ(၁၀၀) နီးပါး သေဆုံးနိုင်


ဖားကန့်ဒေသ စွန့်ပစ်မြေဇာပြိုကျမှု တစ်ခု ၂၅.၁.၂၀၁၆ နေ့ ညနေ ၃:၁၀ တိတိအချိန်တွင် ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာအုပ်စု ဥရုချောင်း အနောက်ဘက်ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်စုကျေးရွာကြားရှိ တစ်သုံးလုံး ကုမ္မဏီ စွန်ပစ်မြေဇာပုံပြိုကျခဲ့ပါသည် ။

လူပေါင်း(၁၀၀)နီးပါးသေဆုံးနိုင်သည်ဟု လွတ်မြောက်လာသူ ဟင်းတင့်ရွာသားတစ်ဦးက ပြောပါသည် ။
“ မြေဇာက နှစ်ပုံပြိုသလိုဖြစ်သွားတာဗျ ။ တစ်သုံးလုံးကမြေဇာက ပြိုကျပြီး အောင်ဟိန်းမင်း မြေဇာပုံကို ခါးဖြတ်ရိုက်သလိုဖြစ်ပြီး အောင်းဟိန်းမင်းမြေဇာပုံလည်းထပ်ပြိုကျပြီး နှစ်ပုံပေါင်း လူတစ်ရာလောက်ပါမယ်ဗျ ။” ။

ဟင်းတင့်ကျေးရွာမှ ရှမ်းအမျိုးသား(၃) ဦးပါသွားသည်ဟု ဟင်းတင့်ကျေးရွာသားများက ပြောဆိုနေကြသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ ။


လက်ရြှိပိုကျသော မြေဇာပုံသည် ၂၂.၁၁.၂၀၁၅ နေ့ နံက် ၃:၀၀ကျော်အချိန်တွင် ပြိုကျခဲ့သောကြောင့် ရေမဆေး တဲပေါင်း (၂၀၀) နီးပါး မြေဇာအောက်နစ်မြုပ်ခဲ့ပြီး လူရာပေါင်းများစွာ သေဆုံးနိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း သေဆုံးသူပေါင်း (၁၁၄) ဦးသာ တူးဖော်တွေ့ရှိခဲ့ပြီး၊ အောင်ဟိန်မင်း မြေဇာပုံဟာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ပြိုကျမှုတွင် ရေမဆေးရှာဖွေသူ ဆယ်ဂဏန်းသေဆုံးခဲ့ပါသည် ။

မြေဇာပုံပြိုကျမှုတွင် မည်သည့် အဖွဲ့အစည်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်ခြင်းများ မရှိသေးဘူးဟု မြေဇာပုံပြိုကျရာသို့ သွားရောက်ကြည့်ရှုပြီးပြန်လာသူ ဟင်းတင့်ရွာသားတစ်ဦးက ပြောပြပါသည် ။

photo- တာတီး
သတင်း - ဇော်မိုးထက်
https://www.facebook.com/zawmoehetet.zawmoe
ယနေ့ ဖားကန့်တွင် စွန့်ပစ်မြေဇာ ပြိုကျမှုကြောင့် လူ(၁၀၀) နီးပါး သေဆုံးနိုင်  ယနေ့ ဖားကန့်တွင် စွန့်ပစ်မြေဇာ ပြိုကျမှုကြောင့် လူ(၁၀၀) နီးပါး သေဆုံးနိုင် Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.