အငှားယာဉ်အားတားကာ ငွေများခြိမ်းခြောက်ယူဆောင်သွားသူ (၃)ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ


ရန်ကုန်၊ ဇန်န၀ါရီ ၂၅

၂၄.၁.၂၀၁၆ရက်နေ့ ၀၄၁၅ အချိန် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဝင်းဌေးသည် ယာဉ်အမှတ် 9E---- ပရိုဘောက်အဖြူရောင်အငှားယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်ဥက္က လာမြို့နယ်ဘက်မှ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဘေလီတံတားထိပ် အရောက် အမျိုးသမီးတစ်ဦးမှ ယာဉ်အားတား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်သို့ သွားရန်ပြောဆိုကာ ကားငှားနေစဉ်အမျိုးသား(၃)ဦးရောက်ရှိလာပြီး အင်္ကျီချွတ်နှင့် ခန္ဓာကိုယ်တွင် ဆေးမင်အရုပ်များထိုးထားသူမှ ၎င်း၏
အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် (၃၆၀၀၀)အား နှိုက်ယူပြီး “ အေးအေးဆေးဆေးသွား၊ ပိုက်ဆံပြန်မတောင်းနဲ့၊ လက်သီးပဲရမယ်”ဟု ခြိမ်းခြောက်ပြောဆို၍ ငွေများအားယူဆောင်သွားကြောင်း တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၅၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ ယူဆောင်သွားသူများကို ဖမ်းဆီးရမိရေးအတွက် တောင်ဥက္ကလာပ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၀၅၀၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ ပါရမီလမ်းပေါ်မှ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ဇော်လေး(ခ)၀င်းဇော်ထွန်း (၃၇)နှစ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေသူများဖြစ်သည့် သိန်းဇော်(ခ)သီဟဇော် (၂၃)နှစ်၊ မချောစု(ခ) မအေးသက်ထားအောင် (၂၂)နှစ်တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အငှားယာဉ်အားတားကာ ငွေများခြိမ်းခြောက်ယူဆောင်သွားသူ (၃)ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ  အငှားယာဉ်အားတားကာ ငွေများခြိမ်းခြောက်ယူဆောင်သွားသူ (၃)ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.