ပျောက်ဆုံး မလေးရှားလေယာဉ်အပိုင်းအစ ထိုင်းနိုင်ငံ၌ တွေ့ရှိခဲ့ဟုဆို


ဗန်ကောက် ဇန်နဝါရီ ၂၄

လွန်ခဲ့သော နှစ်နှစ်က ပျောက် ဆုံးသွားခဲ့သော မလေးရှား လေ ကြောင်းလိုင်း MH 370 လေယာဉ်မှ ဟု ယူဆရသည့် အပိုင်းအစတစ်ခုကို စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခု၌ တွေ့ရှိခဲ့ကြောင်း ထိုင်းလေကြောင်း ကျွမ်းကျင်သူ များနှင့် တာဝန်ရှိသူများက ပြော သည်။

အဆိုပါ ကြီးမားသော ကွေးနေ သည့် သတ္တုအပိုင်းအစသည် နာကွန်းစီတာမာရတ်ပြည်နယ် ကမ်း ခြေသို့ မျောပါလာခဲ့ကြောင်း ပတ်ဖန်နန်းခရိုင် အကြီးအကဲ တန်ယာပတ်ပတ်တီကောင်ပန်က ပြော သည်။ ''ဒီလေယာဉ် အပိုင်းအစ ကို ရွာသားတွေက တွေ့ရှိခဲ့တာပါ။ ဗျက် ၂ မီတာ၊ အရှည် ၃ မီတာ လောက် ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

၂ဝ၁၄ ခုနှစ် မတ်လက မလေး ရှားနိုင်ငံ ကွာလာလမ်ပူမှ ပေကျင်း သို့ အသွားလူ ၂၃၉ ဦး လိုက်ပါခဲ့ သော ခရီးသည်လေယာဉ်ကြီး ပျောက်ဆုံးသွားခဲ့ရာ ယခု တွေ့ရှိသော လေယာဉ်အပိုင်းအစ သည် ယင်းလေယာဉ်၏ အပိုင်းအစ ဖြစ်နိုင်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပျောက်ဆုံး မလေးရှားလေယာဉ်အပိုင်းအစ ထိုင်းနိုင်ငံ၌ တွေ့ရှိခဲ့ဟုဆို  ပျောက်ဆုံး မလေးရှားလေယာဉ်အပိုင်းအစ ထိုင်းနိုင်ငံ၌ တွေ့ရှိခဲ့ဟုဆို Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.