ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါးများ စစ်ဆေးတွေ့ရှိ


    ရန်ကုန် ၊ ဇန်န၀ါရီ ၈ ရက် (ဆင်ဟွာ)

    ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် ဆေးဝါးများကို စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါး အမှတ်တံဆိပ် ၉ မျိုးကို စစ်ဆေးတွေ့ ရှိရသဖြင့် ဆေးဝါး လုပ်ငန်းများ ၊ ဆေးဆိုင်များ၌ ကိုယ်ပိုင် အမှတ်တံဆိပ် အမျိုးမျိုးဖြင့် အနောက်တိုင်း ဆေးဝါးများကို ထုတ်လုပ် ထုတ်ပိုး ဖြန့် ဖြူး ရောင်းချခြင်း လုံးဝ မပြုကြရန် နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းက ဥပဒေအရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါး အမှတ်တံဆိပ် ၉ မျိုးမှာ Ever Life Pain Cure Powder(ကျောက်ဆူး တံဆိပ်) ၊ ကလေးများ အတွက် ကိုယ်ပူ ၊ အအေးမိ ၊ နှာစေး ၊ ချောင်းဆိုး ပျောက်ဆေး ၊ ရွှေစင် ချောင်းဆိုးပျောက်ဆေး ၊ ရွှေစင် အကိုက်အခဲ ပျောက်ဆေး ၊ သုံးရာသီ ကိုယ်ပူ ၊ ချောင်းဆိုး ၊ နှာစေး ပျောက်ဆေး ၊ သုံးရာသီ အကြောပြေ ၊ အဆစ်အမျက် ကိုက်ပျောက်ဆေး ၊ ဖျားနာ အကိုက်အခဲပျောက် ဆေးမှုန့် ၊ မှင်ရောဂါ ပျောက်ဆေး တို့ ဖြစ်ကြောင်း သိရသည်။

ထိုဆေးဝါးများကို အများပြည်သူများ သုံးစွဲမိပါက မလိုလားအပ်သော ဆေးဝါး ဘေးထွက် ဆိုးကျိုး အန္တရာယ်များ ၊ ဆေးယဉ်ပါးမှု အန္တရာယ်များ ခံစားရမည် ဖြစ်သည့်အတွက် ဝယ်ယူ သုံးစွဲခြင်း မပြုကြရန် သတိပေးထားသည်။  (Xinhua)

http://www.xinhuamyanmar.com
ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါးများ စစ်ဆေးတွေ့ရှိ  ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါးများ စစ်ဆေးတွေ့ရှိ Reviewed by THITHTOOLWIN on 14:41 Rating: 5
Powered by Blogger.