တရုတ် ကမ်းလှမ်းချက် မြန်မာငြင်းပယ်


မြန်မာနိုင်ငံမှာ သစ်သားအချောထည်တွေထုတ်လုပ်တဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ခွင့်ပြုဖို့ တရုတ်အစိုးရက အဆိုပြုတာကို ငြင်းပယ်ခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးခင်မောင်ရီရဲ့ ပြော ကြားချက်အရ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာပြည်ကိုလာရောက်ပြီး မူဆယ် သို့ လေရှီးမြို့မှာ  မြန်မာနိုင်ငံကထွက်တဲ့ သစ်သားတွေကို ကုန်ကြမ်းအဖြစ်အသုံးပြုမယ့် သစ်သားအချောထည်ထုတ်လုပ်ရေး စက်မှုဇုန်တစ်ခု တည်ဆောက်ခွင့်ပြုဖို့ ကမ်းလှမ်းခဲ့ကြောင်း  ဒါပေမဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေး ပြီးနောက် အဲဒီအဆိုပြုချက်မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း Eleven Myanmar က ရတဲ့သတင်းကို ကိုးကားပြီး The Nation သတင်းစာက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရုတ်ပြည်ကို တရားမဝင် ခိုးထုတ်တဲ့ သစ်လုံးတွေကရရှိတဲ့ အမြတ်ငွေဟာ ဒေါ်လာ သန်းပေါင်း ၂၇ဝဝ ခန့်ရှိတယ်လို့လည်း ဆိုပါတယ်။  ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ EIA ရဲ့ပြောကြားချက်အရဆိုရင် တရုတ်ပြည်ဟာ သူတို့နိုင်ငံက သစ်တောတွေပြုန်းတီးမှုမရှိအောင် မြန်မာပြည်ကထွက်တဲ့ သစ်သားတွေကို ဥပဒေမဲ့တင်သွင်းနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တရုတ် ကမ်းလှမ်းချက် မြန်မာငြင်းပယ်  တရုတ် ကမ်းလှမ်းချက် မြန်မာငြင်းပယ် Reviewed by THITHTOOLWIN on 14:16 Rating: 5
Powered by Blogger.