ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသား မျိုးနွယ်စုများ ပြည်နယ် အပြိုင်တောင်း


ဂျန္န၀ါရီလ ၁၄ ရက် ၂၀၁၆

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ညီလာခံတွင် ပြည်နယ် သီးသန့်သတ်မှတ်ထားခြင်း မရှိသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့အတွက် ပြည်နယ်သတ်မှတ်ပေးရန် အပြိုင်တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ဝ ပြည်နယ်အတွက် ၀ ဒီမိုကရက်တစ်ပါတီ ၊ ပအိုဝ်းပြည်နယ်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ တအာင်း(ပလောင်) ပြည် နယ် အတွက် တအာင်းပလောင်အမျိုးသားပါတီ ၊ သျှမ်းနီပြည်နယ်အတွက် တိုင်းလိုင် သျှမ်းနီပါတီများက တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။

ဝ တိုင်းရင်းသားများအနေဖြင့် ၂၀၀၈ အခြေခံ ဥပဒေအရ သတ်မှတ်ပေး ထားသည့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ၆ မြို့နယ်အပြင် ၀ လူမျိုးများေ နထိုင်သည့် သျှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းရှိ နယ်မြေဒေသများ အားလုံး ကို ပြည်နယ်သတ်မှတ်ပေးရန် တင်ပြထားခြင်း ဖြစ်ကြောင်း ၀ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သူ ဦးဆိုင်ပေါင်းနပ်က ပြောသည်။

‘ အခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ ဒေသအပြင် လားရှိုး၊ တန့်ယန်း ၊ ကျိုင်းတုံ တို့မှာလည်း ၀တွေလည်း ရှိနေတဲ့ အတွက်ပါတာပေါ့လေ။ ဥပမာ အားဖြင့်ပေါ့ ‘ ဟု ဦးဆိုင်ပေါင်းနပ်က ပြောသည်။

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်အတွင်းနှင့် မိုင်းဆတ် ခရိုင်အတွင်း ထိုင်း- မြန်မာနယ်စပ်တလျှောက်တို့တွင် လည်း မြောက်ပိုင်း ၀ ပြည်နယ် နှင့်တွဲပြီး တောင်ပိုင်း ၀ ပြည်နယ် အဖြစ်သတ်မှတ်ပေးရန် ၄င်းတို့က ဆန္ဒ ရှိကြသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကမူ- ပြည်နယ်ရသင့် သည့် တိုင်းရင်းသားတိုင်းအတွက် ပြည်နယ်သတ်မှတ်ပေးသင့်သည်ဟု အဖွဲ့၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘ကျနော်တို့ကတော့ ပအိုဝ်းရယ်လို့ သီးသန့်တော့ မဟုတ်ပါဘူး။ ပြည်နယ် အခွင့်ေ ရး ရသင့်ရထိုက်တဲ့ တိုင်းရင်းသား မှန် သမျှ ပြည်နယ်တွေ သတ်မှတ်ပေးဖို့ တင်ပြတာပါ။ ဥပမာ ၀ တို့ တအာင်း(ပလောင်)တို့လည်း ပါတာပေါ့လေ ‘ ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၀၈ အခြေခံ ဥပဒေအရ ပအိုဝ်းတိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ရ ဒေသအဖြစ် ဆီဆိုင် ၊ ဟိုပုံး ၊ ပင်လောင်း ၃ မြို့နယ်ကို သတ်မှတ်ပေး ထား ခဲ့ပြီး ဖြစ်သည်။

ယင်းအပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရ ရှိပြီးဖြစ် သည့် တအာင်းပလောင် များကလည်း ရရှိထားသည့် နမ့်ဆန်နှင့် မန်တုံမြို့နယ် အပြင် နီးစပ်ရာ မြို့များအား ထပ်မံစုစည်းပြီး ပလောင်ပြည်နယ်အဖြစ် သီးသန့် သတ်မှတ်ပေးရန် တအာင်းအမျိုးသားပါတီမှ တောင်းဆိုထားသည်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေထိုင်သော သျှမ်းနီလူမျိုး များမှလည်း ၄င်းတို့နေထိုင်ရာ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည် နယ် မြေပြန့်ဒေသများအား စုစည်းကာ သျှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ေ ပးရန် တောင်းဆို ထားပါသည်။

‘ အဓိကကတော့ တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာက ပင်လုံစာ ချုပ်ရဲ့ အနှစ်သာရကို အကောင်ထည် မဖော်နိုင်လို့ ဖြစ်နေတာ။ ပင်လုံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အစဉ်အလာအရ နိုင်ငံမှာ နေ ထိုင်လာ တဲ့ နိုင်ငံ တည်ေ ထာင်သူ တိုင်းရင်းသားတွေ ပြည်နယ်သတ်မှတ်ပေးပြီးသား တိုင်းရင်း သားတွေတောင် ဘာအခွင့်ရေးမှ မရသေးချိန်မှာ ပင်လုံရဲ့ အနှစ်သာရကို ပထမဆုံးအကောင်ထည်ဖော်ရမှာပါ။ ခုလို ဘာမှမရသေးခင် ရှိရင်းစွဲပြည် နယ်တွေကို ထပ်ပြီးခွဲပေးလိုက် မယ်ဆိုရင် တိုင်းပြည်က ဖရိုဖရဲဖြစ်ကုန်ပါ လိမ့်မယ် ‘ ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်း လိတ် က သုံးသပ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှကမူ ‘ လောလောဆယ် အနေ အထားအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကို လုပ်ပိုင်ခွင့်တိုးပေးတာလောက်ပဲ လုပ်သင့်တယ်။ မရှိသေးသူတွေ ကိုလည်း ဒေသန္တရ အုပ်ချုပ်ရေးအဆင့်တိုးပေးတာလောက်ပဲ လုပ်သင့်တယ် ‘ ဟု မှတ်ချက်ပြုပြောဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဂျန္န၀ါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့ အထိ နေပြည်ေ တာ် MICC 2 တွင် ကျင်းပလျှက်ရှိနေပါသည်။

သျှမ်းသံတော်ဆင့်/ စိုင်းအောင်ဆိုင်း
https://www.facebook.com/Panglong.burmese
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသား မျိုးနွယ်စုများ ပြည်နယ် အပြိုင်တောင်း  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသား မျိုးနွယ်စုများ ပြည်နယ် အပြိုင်တောင်း Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.