ခုတ်လှဲပြီးသစ်ကို တံဆိပ်ရိုက် ရောင်းချသည့် စနစ်အား ယခုနှစ် သစ်ထုတ် ရာသီမှစ၍ ရပ်နားတော့မည်


    ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုအား ထိန်းသိမ်းနိုင်ရန် အတွက် သစ်ထုတ်လုပ်ရာတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခုတ်လှဲပြီး သစ်ကို တံဆိပ်ရိုက် ရောင်းချသည့် စနစ်အား ယခုနှစ် သစ်ထုတ် ရာသီမှစ၍ ရပ်နားတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခုတ်လှဲပြီး သစ်ကို တံဆိပ်ရိုက် ရောင်းစားသည့် စနစ်အား ဖျက်သိမ်းပြီး မြန်မာ့ ရွေးချယ်ခြင်း စနစ်အား ပြောင်းလဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ နှစ်စဉ်သစ်တောမှ ထွက်ရှိနေသော သစ်များကို အခြေခံပြီး သစ်မထုတ်လုပ်မီ သတ်မှတ် ဧရိယာတွင် ကန့်သတ် လုံးပတ် ပြည့်မီသည့် အပင်များအား တံဆိပ် သတ်မှတ်ပြီး သတ်မှတ်ချက် အတိုင်း ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယခု ၅ နှစ်၂၀၁၀-၂၀၁၅ အတွင်း မြန်မာ့ သစ်ထုတ်လုပ်မှုသည် မြင့်မားနေဆဲ ရှိသော်လည်း သစ်အများဆုံး ထုတ်လုပ်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နှင့်နှိုင်းယှဉ်ပါက တဖြည်းဖြည်း လျော့နည်းလာကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
ခုတ်လှဲပြီးသစ်ကို တံဆိပ်ရိုက် ရောင်းချသည့် စနစ်အား ယခုနှစ် သစ်ထုတ် ရာသီမှစ၍ ရပ်နားတော့မည်  ခုတ်လှဲပြီးသစ်ကို တံဆိပ်ရိုက် ရောင်းချသည့် စနစ်အား ယခုနှစ် သစ်ထုတ် ရာသီမှစ၍ ရပ်နားတော့မည် Reviewed by THITHTOOLWIN on 14:42 Rating: 5
Powered by Blogger.