ကားလမ်းမပေါ်တွင် ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ


 ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့် က ရန်ကုန်-တောင်ငူ ကားလမ်းမ မိုင်တိုင်အမှတ် ၅၂/၅ နှင့် ၅၂/၆ အကြား စက်သုံးဆီ အရောင်းဆိုင်တစ်ခု အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်း ဖြစ်ပွားရာသို့ ပဲခူးမြို့မ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်အောင်သူ ၊ တွဲဘက်တာဝန်မှူး ဒုရဲအုပ်လှမိုးနှင့် ကလိဂိတ်မှ လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များ အမှတ် ၃ ယာဉ်ထိန်း တပ်ဖွဲ့ ခွဲ(ပဲခူး)မှ ရဲအုပ်စန်းယု ၊ ကလိကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ တို့နှင့်အတူ သွားရောက် စစ်ဆေးရာ အခင်းဖြစ် ကားလမ်းမပေါ်တွင် ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ ရသည်။


အဆိုပါ သေဆုံးသူနှင့် ကိုက် ၅၀၀ အကွာခန့် တွင် ကားတက်ကြိတ် ဒဏ်ယာများဖြင့် ကြေမွပျက်ဆီးနေသော တရုတ်နိုင်ငံလုပ်TARYAN အမျိုးအစား ၃ယ/၇၃၂၄၉ နံပါတ်တပ် လိုင်စင်စီစစ်ဆဲ ဆိုင်ကယ်တစ်စီးနှင့် အခင်းဖြစ်ပွားရာ ပါတ်ဝန်ကျင်တွင် ပြန့် ကျဲလျှက်ရှိနေသော မြင့်လွင်အမည်ပါ မှတ်ပုံတင် မိတ္တူတစ်စောင် အလိုင်နီကျေးရွာအုပ်စု သန်းခေါင်စာရင်း မိတ္တူတွင် မြင့်လွင်အမည်ပါ မိတ္တူများနှင် ကြေမွပျက်ဆီးနေသော အဖြူရောင် ဟန်းဆက်တစ်လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိနိုင်ခဲ့သည်။


 အခင်းဖြစ်ပွားရာအနီး၌ အနီရောင် သဲကြိုးတပ် အောက်ခံ အနက်ရောင် အမျိုးသားစီး ရာဘာဖိနပ် အပိုတစ်ရံတွေ့ရှိရ၍ နောက်ထပ် လူပိုရှိနိုင်သေးကြောင်း သုံးသပ်ပြီး ဆက်လက်ရှာဖွေရာ အခင်းဖြစ်ရပ် တစ်မိုင်ခွဲခန့် အကွာအဝေးရှိ တပ်ကလေးရွာထိပ်ရှိ ဈေးဆိုင် တဲအနီး အမှောင်ထဲတွင် လက်မောင်းဒဏ်ရာဖြင့် မထနိုင်ဖြစ်နေသော လူငယ်တစ်ဦးအား ထပ်မံတွေ့ရသည်။


ထပ်မံတွေ့ ရသူအား မေးမြန်းရာ ၎င်းသည် ထိန်လင်းအောင်၂၁နှစ် (ဘ)ဦးဖြူ  နိဗ္ဗာန်ကျေးရွာ နေထိုင်သူဖြစ်ပြီး သေဆုံးသူ မြင့်လွင်နှင့် ပဲခူးမြို့ရှိ ကုမ္ပဏီတစ်ခုတွင် အတူလုပ်ကိုင်နေသူဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် မြင့်လွင်မှ ဆိုင်ကယ်မောင်းပြီး၊ ၎င်းမှနောက်မှ လိုက်ပါ၍ ဒိုက်ဦးမြို့မှ ပဲခူးအလုပ်ဆိုဒ်ဝင်ရန် ဆိုင်ကယ်ဖြင့် လာရောက်နေစဉ် နောက်မှ ကုန်တင်ယာဉ်မှ ဝင်ရောက် တိုက်ခဲ့မှုကြောင့် ၎င်းမှာ လမ်းဘေးလွင့်ထွက်ခဲ့ပြီး မြင့်လွင် အား ကြိတ်မိခဲ့ခြင်း ဖြစ်ကြောင်း တိုက်သည့် ကုန်တင်ကားကြီးမှာ မောင်းနှင်ထွက်ပြေးသွားပြီး ၎င်းမှာပဲခူးမြို့သို့ အကူအညီရရန် လာရောက်စဉ် ရရှိဒဏ်ရာများကြောင့် ဆက်လက် မသွားနိုင်ဘဲ ယခုလို ရဲတပ်ဖွဲ့ မှ ကူညီပေးမှုကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း ထိန်လင်းအောင်၏ ပြောပြချက်အရ သိရှိရပါသည်။


ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် သေဆုံးသူနှင့် ဒဏ်ရာရှိသူတို့အား ဗိမ္မာန်ရှင် လူမှုကူညီရေး အသင်းအဖွဲ့ တို့၏ လူနှင့်ကား ကူညီမှုတို့ဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့ ဆောင်ပေးပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့၏ မိသားစုတို့နှင့် ချိတ်ဆက်ရမိနိုင်ရေးနှင့် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်နှင့် ယာဉ်မောင်းတို့အား ဖမ်းဆီးရမိနိုင်ရေးတို့အား ပဲခူးမြို့မစခန်းမှ အမှုဖွင့် ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

သတင်း - ဓါတ်ပုံ ။ ။ ‎ဇော်ရှင်း‬ (facebook)
ကားလမ်းမပေါ်တွင် ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ  ကားလမ်းမပေါ်တွင် ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.