အကျဉ်းစံ နီဂျဲ အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ ဝင်ခွင့်ရ


အာဖရိက အနောက်ပိုင်းက ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်တဲ့ နီဂျဲ မှာ ရှေ့လထဲ ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲ အတွင်း ဝင်ရောက် ယှဉ်ပြိုင်မယ့် သူ ၁၅ ယောက် ရဲ့ အမည် စာရင်းကို အခြေခံ ဥပဒေ ဆိုင်ရာ ခုံးရုံးကနေ အတည်ပြုလိုက် တာမှာ အကျဉ်းချ ခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် ဟာမား အမာဒူး ရဲ့ နာမည်လည်း ပါဝင် နေပါတယ်။

မစ္စတာ အမာဒူး ဟာ ဝန်ကြီးချုပ် ဟောင်း တစ်ဦး ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ် လမှာ ဘာကီနာ ဖာဆို နိုင်ငံကို တိမ်းရှောင် သွားခဲ့ ပါတယ်။

အဲဒီ့ လို ထွက်ခွာ သွားရတဲ့ အကြောင်းကတော့ နီဂျဲ နိုင်ငံထဲ မွေးကင်းစ ကလေးငယ် တွေကို ခိုးယူပြီး နိုင်ဂျီးရီးယား က ကလေး မရနိုင်တဲ့ သူဌေး လင်မယား တွေ ဆီ ရောင်းစား နေတဲ့ ဂိုဏ်း နဲ့ ပတ်သက် လို့ ဆိုပြီး မစ္စတာ အမာဒူးရဲ့ ဇနီး မယားတွေ ထဲက တစ်ဦး အဖမ်း ခံခဲ့ရလို့ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေတွေ ရဲ့ စွပ်စွဲမှုဟာ သူ့ အပေါ် နိုင်ငံရေး အရ ပစ်မှတ် ထားပြီး ကြံရွယ်ချက် ရှိရှိ ပြုမူ ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ အမာဒူးက ပြောဆို ခဲ့ပါတယ်။

တိုင်းပြည် ပြင်ပ မှာ တစ်နှစ် ကျော် နေ အပြီး နီဂျဲ ကို ပြီးခဲ့တဲ့ နိုဝင်ဘာ တုန်းက ပြန် ဝင် အလာ မှာပဲ အာဏာပိုင်တွေ က မစ္စတာ အမာဒူး ကို ဖမ်းဆီး ပြီး ထောင်ထဲ ထည့် ထားတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အကျဉ်းစံ နီဂျဲ အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ ဝင်ခွင့်ရ  အကျဉ်းစံ နီဂျဲ အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ ဝင်ခွင့်ရ Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.