ထိုင်းနိုင်ငံတွင် ဘဏ်ကပ်ပြားများ အတုလုပ်နေသည့် တရုတ်ဂိုဏ်းဝင်များအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့  ထုတ်ပြန်


ထိုင်းနိုင်ငံ မှုခင်း နိမ်နင်းရေးတပ်ဖွဲ့ နဲ့  လူဝန်မှု ကြီးကြပ်ရေး ၀န်းထမ်းများ ပူးပေါင်းဖမ်းဆီး နိုင်ငံတဲ့ တရုတ်နိုင်ငံသား ဘဏ်ကပ်အတုလုပ်နေတဲ့ ဂိုဏ်းဝင်တွေကို ယနေ့  သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။

တရုတ်နဲ့  နိုင်ငံတကာက ဘဏ်ကိုအသုံးပြု့ ငွေလွှဲနေကြတဲ့ သူတွေ ဆီက အချက်အလက်တွေ ခိုးယူကြီး ကပ်ပြားအတုတွေနဲ့  ဘဏ်တွေကနေ ထုတ်ယူခဲ့တာဟာ ထိုင်းဘတ်ငွေသန်းပေါင်း၂၂၅သန်း(ကျပ်သန်းပေါင်း၆၇၅၀) လောက် ဘဏ်ကပ်ပိုင်ရှင်တွေ ဆီကနေ ထုတ်ယူသွားပြီး ဖြစ်ပါတယ်။

တရုပ်နဲ့  ထိုင်ဝမ် နိုင်ငံသားများပါဝင်တဲ့ အဆိုပါ ကပ်အတုဂိုဏ်းဟာ အွန်န်လိုင်းကနေ ငွေပို့ နေကြတဲ့ သူတွေရဲ့  အချက်အလက်တွေကို ကူးယူပြီး ပိုင်ရှင်အစစ် ကိုင်နေတဲ့ Credit card ဘဏ်ကပ်အတိုင်း ပုံစံတူ လုပ်ပြီး ထိုင်းနိုင်ငံ ကုန်တိုက်နဲ့  အရောင်းဆိုင်ကြီးတွေ အဖိုးတန်ပစ္စည်းတွေ လိုက် ၀ယ်ကြပါတယ်။

ဂိုဏ်းဝင်(၂၀)ဦး ကို သက်သေခဲ အတုလုပ်စက် တွေနဲ့  အတူ ဘန်ကောက်မြို့ မှာ ဖမ်းမိခဲ့ပြီး အမျိုးသမီး (၇)ဦးပါဝင်ကြောင်း သိရပါတယ်။

Social Action for Women - SAW
sawburma.net
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံတွင် ဘဏ်ကပ်ပြားများ အတုလုပ်နေသည့် တရုတ်ဂိုဏ်းဝင်များအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့  ထုတ်ပြန်  ထိုင်းနိုင်ငံတွင် ဘဏ်ကပ်ပြားများ အတုလုပ်နေသည့် တရုတ်ဂိုဏ်းဝင်များအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့  ထုတ်ပြန် Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.