မူဆယ်တွင် ပြည်သူ့ စစ်နှစ်ဖွဲ့ အကြား ပစ်ခတ်မှုဖြစ်ပွားဟုဆို


မူဆယ်၊ ဇန်န၀ါရီ ၂၇ ။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၌ ပန်ဆေးပြည်သူ့ စစ်အဖွဲ့ နှင့် နမ့်ခမ်းဌာနေပြည်သူ့ စစ်အဖွဲ့ တို့ အကြား လောင်းကစားဝိုင်း ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက် အခြေအတင် စကားများရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသည့် အမည်မဖော်လိုသူ မူဆယ်မြို့ခံတစ်ဦးက ဇန်န၀ါရီလ ၂၆ ရက်နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၆) ရက်၊ နံနက် ၁၁ နာရီအချိန်ခန့် က မူဆယ်မှနမ့်ခမ်းမြို့ အထွက်ကားလမ်းရှိ နမ့်ခမ်း ဌာနေပြည်သူ့ စစ်အဖွဲ့ မှဖွင့်လှစ်ထားသော (၆)ကောင်ဂျင်လောင်းကစားရုံသို့  ပန်ဆေးပြည်သူ့ စစ်အဖွဲ့ ဝင် အင်အား ၂၀ ခန့် ကလက်နက်ငယ်ကိုယ်စီဖြင့်ရောက်ရှိလာခဲ့ကြောင်း၊ယင်းနောက် အဆိုပါလောင်းကစားရုံ၌ လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော နမ့်ခမ်းဌာနေပြည်သူ့ စစ်အဖွဲ့ ၏ တပ်စုမှူးအဆင့်ရှိသူ နှင့် အခြေအတင် စကားများခဲ့ကြပြီး၊ ပန်ဆေးပြည်သူ့ စစ်အဖွဲ့ ခေါင်းဆောင်က ပစ္စတိုသေနတ်ကို မိုးပေါ်ထောင်၍ ၂ ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားစဉ်က လောင်းကစားရုံ အနီးရောက်ရှိနေသည့် အထက်ပါ မူဆယ်မြို့ခံကပြောသည်။

"လောင်းကစားရုံက မြို့ ပြင်မှာ၊ ပြီးတော့ အဲဒီအချိန်က လောင်းကစားရုံကို လူတွေမလာတဲ့မနက်ပိုင်းဆိုတော့ မြို့ ထဲက ဘာမှမသိလိုက်ပါဘူး။ ဒီလောင်းကစားရုံက ဖွင့်ထားတာ ၂ လလောက် ရှိပါပြီ။ ဌာနေပြည်သူ့ စစ်ကို ပန်ဆေးပြည်သူ့ စစ်က လောင်းကစားရုံဖွင့်ထားလို့  အခွန်လာတောင်းတာနဲ့ တူပါတယ် ” ဟုလည်း ၄င်းကသုံးသပ်ပြောဆိုသည်။

ယင်းကိစ္စနှင့်ပါတ်သက်၍ မူဆယ်မြို့ မရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်ကို စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားသည်။

စိုင်းမိန်း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
မူဆယ်တွင် ပြည်သူ့ စစ်နှစ်ဖွဲ့ အကြား ပစ်ခတ်မှုဖြစ်ပွားဟုဆို   မူဆယ်တွင် ပြည်သူ့ စစ်နှစ်ဖွဲ့ အကြား ပစ်ခတ်မှုဖြစ်ပွားဟုဆို Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.