ညောင်တုန်း - ရန်ကုန်ကားလမ်း၌ ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ကာ လူသေဆုံး


မအူပင် ၊ ဇန်နဝါရီ ၊ ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ ညောင်တုန်းမြို့နယ် ၊ ညောင်တုန်း - ရန်ကုန်ကားလမ်းမကြီး ၊ မဲဇလီကျေးရွာအုပ်စု ၊ အရွှဲကျေးရွာ နှင့် အေးစံကုန်းကျေးရွာကြား မိုင်တိုင် ၁၈/၇ - ၁၉/၀ ကြားတွင် ယနေ့ ၂၅-၁-၂၀၁၆ နံနက် ၁၁:၃၀ နာရီအချိန်ခန့်မှာ ဒဂုံဧရာအဝေးပြေးကားဂိတ်အတွင်းမှ (၁၁)နာရီအချိန် ထွက်လာသော မိဘမေတ္တာ ( အောင်သရဖူ ) နှင့် ရွှေဝါဖူး( ဖိုက်စတား ) ခရီးသည်တင်မှန်လုံယာဉ်နှစ်စီးတို့ ယာဉ်တိုက်မိမလို ဖြစ်ပွားရာ " မိဘမေတ္တာ " မှန်လုံယာဉ်သည် လမ်းဘေးသို့ တိမ်းမှောက်ပြီး ကားရှေ့ပိုင်းမှလိုက်ပါလာသည့် ခရီးသည်တစ်ဦးပွဲချင်းပြီး သေဆုံးပြီး ကားနှစ်စီးမှ ယာဉ်မောင်းနှစ်ဦးထွက်ပြေးတိမ်းရှောင်ကာ ထိခိုက်ဒဏ်ရာရရှိသူများ(၁၇)ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ (၁၁)ဦးခန့်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည် ။

Photos : Hnithata Shaped
မအူပင်သတင်းပုံရိပ် (Facebook)




ညောင်တုန်း - ရန်ကုန်ကားလမ်း၌ ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ကာ လူသေဆုံး   ညောင်တုန်း - ရန်ကုန်ကားလမ်း၌ ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ကာ လူသေဆုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.