အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ


ပဲခူး ဇန်နဝါရီ ၎

ပဲခူးမြို့အမှတ်(၂) နယ်မြေ ရဲစခန်းအပိုင်တွင် ဇန်နဝါရီ ၄ ရက် နံနက် ၃ နာရီက နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ် ကျော်မင်းထွန်းနှင့် အဖွဲ့သည် နယ်မြေအတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး (၁) မြေတိုင်း(၆) ၂ လမ်းသွယ်ထိပ် တွင် Honda Click အမျိုးအစား ဆိုင်ကယ်တစ်စီးသည် သော့မပါဘဲ မသင်္ကာဖွယ်ရာလူတစ်ဦးအား တွေ့ရှိ ၍ ရပ်တန့်စစ်ဆေးခဲ့ရာ မရပ်ဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး ရမိခဲ့သည်။

၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ထွန်းထွန်းဦး(ခ)ပြည့်စုံ (၂၇ နှစ်) ရပ်ကွက်ကြီး(၁) ဥဿာမြို့သစ် မြေတိုင်း(၆)နေသူဖြစ်ပြီး ဆိုင်ကယ် ဘေးတွင် ကြိုးဖြင့် သံဖြတ်ရာတွင် အသုံးပြုသည့် သံဖြတ်ကတ်ကြေး တစ်ချောင်းတို့ကို တွေ့ရှိခဲ့ရ၍ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက် အထားမပြသနိုင်ဘဲ နေအိမ် အဆောက်အအုံအတွင်းမှ ခိုးယူခဲ့ သည်ဟု သိရှိခဲ့ရသည်။ ဆက်လက် စစ်ဆေးမေးမြန်းခဲ့ရာ ကွင်းဆက် ပြစ်မှုကျူးလွန်သူ သုံးဦးသည် စုစု ပေါင်းဆိုင်ကယ် ၁ဝ စီးကျော်ကို ခိုးယူ ခဲ့ကြောင်း သိရသောကြောင့် အမှတ် (၂)နယ်မြေရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

သန့်စင်(ပဲခူး)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ  အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 05:18 Rating: 5
Powered by Blogger.