ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ၃ မွှာပူးသမီးငယ်များအနက် ၁ ဦးသေဆုံး၊ ၁ ဦး အရေးပေါ်ခန်းတွင် ကြပ်မတ်ကုသနေရ


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က မွေးဖွားခဲ့တဲ့ ၃ မွှာပူး သမီးငယ် ၃ ဦးမှာ အငယ်ဆုံးဖြစ်တဲ့ နံပါတ် ၃ သမီးငယ်လေးဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ နံပါတ် ၂ သမီးငယ်လေးကတော့ တောင်ငူပြည်သူ့ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ်ဆောင်မှာ အရေးပေါ် ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

မိဘတွေဖြစ်တဲ့ ကိုစောလားကပေါ် (အသက် ၂၅ နှစ်)နဲ့ မိခင် နော်မူမူဖော ( အသက် ၂၃ နှစ်) တို့က မွေးဖွားခဲ့တဲ့ သမီးငယ်လေး ၃ ဦးမှာ နံပါတ် ၁ သမီးငယ်လေးက ၂ ကီလိုဂရမ်၊ နံပါတ် ၂ သမီးငယ်လေးက ၁ ဒသမ ၆ ကီလိုဂရမ်၊ နံပါတ် ၃ သမီးငယ်လေးက ၀ ဒသမ ၉ ကီလိုဂရမ် သာရှိခဲ့တာပါ။

ဒီဇင်ဘာလ ၃၁ ရက်နေ့က ကွယ်လွန်သွားတဲ့ သမီးငယ်လေးက နံပါတ် ၃ သမီးငယ်လေးဖြစ်ပြီး သူရဲ့ကိုယ်အလေးချိန်က ၀ ဒသမ ၉ ကီလိုဂရမ် သာရှိပါတယ်။ သမီးငယ်ဟာ ကလေးငယ်တစ်ဦးရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် မရှိတာရယ်၊ ရောဂါဒဏ်တွေ မခံနိုင်တာကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

နံပါတ် ၂ သမီးငယ်လေးကတော့ အရေးပေါ် ကြပ်မတ်ကုသဆောင်မှာ သူနာပြု ဆရာမတွေနဲ့ ဆရာဝန်တွေရဲ့ ကြပ်မတ်ကုသမှုကို ခံယူနေရပါတယ်။


တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့က ဇန်န၀ါရီလ ၁ ရက်နေ့မှာ တောင်ငူပြည်သူ့ဆေးရုံကြီးဆီ သွားရောက်ပြီး ကလေးငယ်တွေအတွက် ငွေကျပ် ၃ သိန်း၊ Similac နို့မှုန့်ဘူးကြီး ၂ ဘူး၊ ကလေးအနှီးအထုပ်တွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့က ဆင်းရဲနွမ်းပါးတဲ့ မိဘတွေကို သမီးငယ် ၂ ဦးကို ပြုစုပျိုးထောင်ဖို့ လစဉ် ကလေးနို့မှုန့်ဖိုး၊ ကျန်းမာရေးစရိတ်၊ အာဟာရစရိတ် လစဉ် ငွေကျပ် ငါးသောင်းထက် မနည်း ထောက်ပံ သွားဖို့ ရှိနေပါတယ်။

တစ်လ ၅၀၀၀ ကျပ် အလှူရှင်များ ကွန်ရက်
https://www.facebook.com/fivethousandplus/
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ၃ မွှာပူးသမီးငယ်များအနက် ၁ ဦးသေဆုံး၊ ၁ ဦး အရေးပေါ်ခန်းတွင် ကြပ်မတ်ကုသနေရ  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ၃ မွှာပူးသမီးငယ်များအနက် ၁ ဦးသေဆုံး၊ ၁ ဦး အရေးပေါ်ခန်းတွင် ကြပ်မတ်ကုသနေရ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.