ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ယာဉ်နှစ်စီးပြိုင်မောင်းရာမှ အရှိန်လွန်တိမ်းမှောက်


ကျောက်တံခါး ဇန်နဝါရီ ၃ဝ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းရဲစခန်းအပိုင် နေပြည်တော်-ရန်ကုန် အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် ၁ဝ၂ အနီးတွင် ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီခွဲခန့်က ယာဉ်နှစ်စီးယှဉ်ပြိုင် မောင်းနှင်ရာမှ အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မြို့ချောင်းအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ သထုံမြို့နယ်နေသူ ယာဉ်မောင်း ကောင်းထက်သူ (၃ဝနှစ်)မောင်းနှင် သည့် ယာဉ်အမှတ်7K/----ပရိုဘောက်ယာဉ်နှင့် လှိုင်သာယာမြို့နယ်နေသူ ယာဉ်မောင်း ကျော်လင်း ထွန်း(၃ဝနှစ်)မောင်းနှင်သည့် ယာဉ်အမှတ် 9J/---- ဟွန်ဒါဖစ်တို့ ယှဉ်ပြိုင်မောင်းနှင်ရာမှ လမ်းကွေ့၌ တစ်စီးနှင့်တစ်စီးချိတ်မိပြီး အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဟွန်ဒါဖစ်ယာဉ်တွင် ယာဉ်မောင်းပါ အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦးအနက် အမျိုးသမီးတစ်ဦး အခင်းဖြစ်ရာ နေရာ တွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။ ယာဉ် မောင်ကျော်လင်းထွန်းနှင့် ပရိုဘောက်ယာဉ်ပေါ် ပါခရီးသည်များမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှစ်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ထား ကြောင်း သိရသည်။

 ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ယာဉ်နှစ်စီးပြိုင်မောင်းရာမှ အရှိန်လွန်တိမ်းမှောက်  ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ယာဉ်နှစ်စီးပြိုင်မောင်းရာမှ အရှိန်လွန်တိမ်းမှောက် Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.