ဆော်ဒီနှင့် တင်းမာနေစဉ် အီရန်က အိန္ဒိယသမုဒ္ဒရာ အတွင်း အကြီးစားရေတပ် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည်


တီဟီရန် ၊ ၁၂-၁-၂ဝ၁၆

အီရန်နိုင်ငံသည် ဆော်ဒီနှင့် တင်းမာမှုများ မြင့်တက်နေစဉ် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၌ Velayat 94 အမည်ရှိ အကြီးစား ရေတပ်စစ်ရေး လေ့ကျင့်ခန်းအား လာမည့် ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း အီရန်ရေတပ် ဗိုလ်ချုပ်ဂိုလမ်ရီဇာ ခါဒမ်ဘီဂမ် က ဇန်နဝါရီ ၁ဝ ရက်တွင် ပြောကြား ထားသည်။

အီရန်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေပိုင်နက်နှင့် ကမ်းဝေး ပင်လယ်ပြင်များ အတွင်း တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားခြင်းနှင့် စစ်ရေး လေ့ကျင့်ခန်း အမျိုးမျိုး ပြုလုပ်ခြင်း တို့သည် နိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု နှင့် စစ်ရေးအင်အား အမြင့်ဆုံး အဆင့်ရှိ နေသည်ကို ပြသ နေခြင်းဖြစ်ပြီး အဆိုပါစစ်ရေး လေ့ကျင့် ခန်း ပြုလုပ်မှုသည် အရေးပါသော ဟန့်တားမှု မဟာဗျူဟာ တစ်ရပ် ဖြစ်ကြောင်း ဘီဂမ် က ပြောကြားသည်။

အီရန်နိုင်ငံသည် မကြာသေးမီက ဟော်မုဇ် ရေလက်ကြား၊ အိုမန်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ ဧဒင်ပင်လယ်ကွေ့ နှင့် ဘက်အယ်လ် မန်းဒက်ဘ် ရေလက်ကြား တို့တွင် စစ်ရေး လေ့ကျင့် ခန်းများ ပြုလုပ်ခဲ့ပြီး ဒုံးကျည်များ၊ စောင့်ကြည့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး မောင်းသူမဲ့ လေ ယာဉ်များ အပြင် တော်ပီဒိုများအား စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဆော်ဒီနှင့် တင်းမာနေစဉ် အီရန်က အိန္ဒိယသမုဒ္ဒရာ အတွင်း အကြီးစားရေတပ် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည်  ဆော်ဒီနှင့် တင်းမာနေစဉ် အီရန်က အိန္ဒိယသမုဒ္ဒရာ အတွင်း အကြီးစားရေတပ် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည် Reviewed by THITHTOOLWIN on 13:09 Rating: 5
Powered by Blogger.