မိုဟာမက် အမ်ဝါဇီ သေဆုံးကြောင်း အိုင်အက်စ်အဖွဲ့ပြောကြား


အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံအဖွဲ့မှ ဂျီဟတ်ဒီ ဂျွန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားကြောင်း အစ္စလာမ်မစ်နိုင်ငံအဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

ဂျီဟတ်ဒီ ဂျွန်လို့ လူသိများပြီး ကူဝိတ်နိုင်ငံဖွား၊ ဗြိတိသျှ နိုင်ငံသားဖြစ်သူ နာမည်ရင်း မိုဟာမက် အမ်ဝါဇီ ကွယ်လွန်တဲ့အကြောင်းကို အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ အွန်လိုင်းမဂ္ဂဇင်း Dabiq မှာကြေညာထားပါတယ်။

အိုင်အက်စ်တွေရဲ့ အမာခံ အခြေစိုက်စခန်း ရာခါမြို့မှာ မိုဟာမက် အမ်ဝါဇီ ကို တိုက်ခိုက်နိုင်ခဲ့ပြီး သူသေဆုံးခဲ့တာ သေချာကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အမေရိကန်စစ်ဘက်ဆိုင်ရာမှ ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား ကူညီထောက်ပံ့ရေး ၀န်ထမ်း ဒေးဗစ် ဟိန်းစ် နဲ့ တက္ကစီမောင်းသူ အယ်လန် ဟန်နင်း တို့အပါအ၀င် ဖမ်းဆီးထားသူတွေကို ခေါင်းဖြတ်ကွပ်မျက်ခဲ့တဲ့ အမ်ဝါဇီရဲ့ ဗီဒီယိုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက်နေ့က ရာခါမြို့မှာ မောင်းသူမဲ့ လေယာဉ်တစ်စင်းရဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမ်ဝါဇီ စီးနင်းလိုက်ပါလာတဲ့ကားကို ထိမှန်ပြီး အမ်ဝါဇီ သေဆုံးခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

အမ်ဝါဇီကို ပစ်မှတ်ထားတိုက်ခိုက်ရေးမှာ ဗြိတိန်မှ တစ်စီး၊ အမေရိကန်မှနှစ်စီး စုစုပေါင်း မောင်းသူမဲ့ လေယာဉ် သုံးစီးပါဝင်ခဲ့ပြီး အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စင်းရဲ့ ပစ်ခတ်မှုကြောင့် အမ်ဝါဇီရဲ့ကားကိုထိမှန်ခဲ့ပြီး ကားထဲမှာ တခြားသူတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မိုဟာမက် အမ်ဝါဇီ သေဆုံးကြောင်း အိုင်အက်စ်အဖွဲ့ပြောကြား  မိုဟာမက် အမ်ဝါဇီ သေဆုံးကြောင်း အိုင်အက်စ်အဖွဲ့ပြောကြား Reviewed by THITHTOOLWIN on 15:35 Rating: 5
Powered by Blogger.