တအာင်းတပ်မှ ဖမ်းဆီးထားသော ရွာသားများအား ပြန်လွှတ်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို


ဂျန္န၀ါရီလ ၂၇ ရက် ၂၀၁၆

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးထားသော မိုင်းဝီးနှင့်ဝမ့်ဟိုပန်ရွာသားများ အား ပြန်လွှတ်ပေးရန် ဒေသခံများက ယနေ့နံနက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

“အပြစ်မဲ့ပြည်သူ ၁၂ ယောက် ဘေးကင်းလုံခြုံစွာနဲ့ လွတ်မြောက်လာဖို့ပါ။ သက်ဆိုင်ရာလူကြီးတွေက လူသားချင်း စာနာထောက်ထားပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မိဘဆွေမျိုးတွေက ဆန္ဒထုတ်ဖော်ရတာပါ”ဟု မိုင်းဝီး ဒေသခံ လုံးစိုင်း က ပြောပါသည်။

ယနေ့ ဂျန္န၀ါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့် သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ နယ် မိုင်းဝီးသျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးရှေ့ ၌မိုင်းဝီးကျေးရွာ တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၀မ့်ဟိုပန်ဒေသခံ ၂၅၀ ကျော်က ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။

“ကျမရဲ့ညီလေး ပါသွားတယ်လေ။ ကျမတို့ ဘယ်မှာသွားရှာရမယ် မှန်းမသိ ဘူး။ သေလားရှင်းလားဆိုတာ လည်း မသိရဘူး” ဟု ၀မ့်ဟိုပန်ရွာသူ နန်းခမ်းက ပြောပါသည်။

ဝမ့်ဟိုပန်ရွာသား ၉ ဦးနှင့် မိုင်းဝီးရွာသား ၃ ဦး စုစုပေါင်း ၁၂ ဦးအား တအာင်း တပ် TNLA မှ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးသွားေ ကြာင်း၊ ဈေးေ ရာင်း သွားရာမှ အဖမ်းခံရခြင်း၊ အဝေးရှိ မိဘဆွေမျိုးများကို သွား ရောက် လည်ပတ်ရာမှ အဖမ်းခံရခြင်း၊ သားမယားတောင်းရမ်းလက်ထပ်ရန် သွားရာမှ အဖမ်းခံရခြင်းစသည်တို့ဖြစ် ကြောင်း ဆိုပါသည်။


အလားတူ ဖမ်းဆီးခံရသည့် မိုင်းခတ်ရွာသား ၁၁ ဦးအနက် ၈ ဦးမှာ ပြန် လည်လွှတ်မြောက်လာပြီဟု ဆိုသော်လည်း ကျန် ၃ ဦးနှင့် ဟိုပန်- မိုင်းဝီး ရွာသား ၁၂ ဦးတို့မှာ သတင်းအစအန မကြားသိရပေ။

၎င်းနှင့်ပတ်သက်ပြီး TNLA ဘက်ကမူ ကျေးရွာလူထုအား ဖမ်းဆီးသည့်ေ ပ်ါလစီမရှိဟု ငြင်းဆိုထားပါသည်။

၂၀၁၅ နိုဝင်ဘာလနှောင်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် PSLF/TNLA တအာင်းတပ်မတော်တို့ နယ်မြေအငြင်းပွါးမှုဖြစ်ပြီး တိုက်ပွဲ များဖြစ်ပွားရာမှ ဒေသခံများ ဖမ်းဆီးခံနေရခြင်းသည်။ ၀မ့်ဟိုပန်ရွာသူရွာသား အားလုံးလည်း မိုင်းဝီကျေးရွာတွင် ယနေ့တိုင် သွားရောက်ခိုလှုံနေကြရသည်။

သျှမ်းသံတော်ဆင့်/မွေခေါဝ်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တအာင်းတပ်မှ ဖမ်းဆီးထားသော ရွာသားများအား ပြန်လွှတ်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို တအာင်းတပ်မှ ဖမ်းဆီးထားသော ရွာသားများအား ပြန်လွှတ်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.