ပစ္စည်းများလုယူပြီး ထွက်ပြေးသွားသူ (၂)ဦးအား ဖမ်းမိ


 ပစ္စည်းများလုယူပြီး ထွက်ပြေးသွားသူ (၂)ဦးအား အများပြည်သူများနှင့် လှည့်ကင်းမီးတန်းဆလွန်းယာဉ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဖမ်းဆီးရမိ အရေးယူ
ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၁၉.၁.၂၀၁၆ရက်နေ့ ၂၂၁၅ အချိန်တွင် မရမ်းကုန်းမြို့နယ်နေ ကိုမျိုးမြင့်ဦးသည် Ocean Hyper Market မှ လုံခြုံရေးတာဝန်ဆောင်ရွက်ပြီး၍ နေအိမ်သို့ပြန် လာစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ရွှေမဉ္ဇူ(၁)လမ်းထိပ် အရောက်၌ နောက်ဘက်မှ JLM-125 အမျိုးအစားဆိုင်ကယ် စီးနင်းလာသူ အမျိုးသား ၂ ဦးမှ ၎င်းအနီးသို့အရောက် လက်တွင်ကိုင်ထားသော စတီးထမင်းချိုင့်နှင့် ငွေကျပ် (၁၇၀၀၀)ထည့်ထားသော Ice Cream စာတန်းပါလက်ဆွဲ အိတ်ငယ်အား လုယူကာဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွား ခဲ့ပါသည်။

ထိုသို့လုယူထွက်ပြေးသွားခဲ့သဖြင့် ကိုမျိုးမြင့်ဦးမှ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံခဲ့ရာ အနီးရှိပြည်သူများနှင့် လှည့်ကင်းတာဝန်ဆောင်ရွက်နေသော မရမ်းကုန်းမြို့မရဲစခန်းမှ လှည့်ကင်းမီးတန်း ဆလွန်းယာဉ်တာဝန်ကျရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းပူးပေါင်းဖမ်းဆီးခဲ့ရာ ၂၂၂၅ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရွှေမဉ္ဇူ(၁)လမ်းထိပ်၌ပင် လှိုင်သာယာမြို့နယ်နေသူများဖြစ်သော သိန်းဝင်း၊ (၃၂)နှစ်နှင့် ဂျူးဂျူး(ခ)သက်ပိုင်ဦး၊ (၂၂)နှစ်တို့(၂)ဦးအား လုယူသွားခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ ပစ္စည်းများလုယူထွက်ပြေးသူများဖြစ်သော သိန်းဝင်းနှင့် ဂျူးဂျူး(ခ)သက်ပိုင်ဦးတို့ (၂)ဦးအား မရမ်းကုန်းမြို့နယ်၊ ဘုရင်နောင်နယ်မြေရဲစခန်း(ပ)၅၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ပစ္စည်းများလုယူပြီး ထွက်ပြေးသွားသူ (၂)ဦးအား ဖမ်းမိ   ပစ္စည်းများလုယူပြီး ထွက်ပြေးသွားသူ (၂)ဦးအား ဖမ်းမိ Reviewed by THITHTOOLWIN on 15:55 Rating: 5
Powered by Blogger.