ကမ္ဘာ့ ရေနံဈေး အနိမ့်ဆုံး ထိုးကျ

 အမေရိကန် လောင်စာဆီ ပမာဏ မြင့်တက် လာတယ်ဆို
ကမ္ဘာ့ ရေနံဈေး ၁၂ နှစ် နီးပါး အတွင်း အနိမ့်ဆုံးထိ ထိုးကျ နေပါတယ်။

အမေရိကန် လောင်စာဆီ ပမာဏ မြင့်တက်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဘရန့် ရေနံစိမ်း တစည်ကို ဒေါ်လာ ၃ဝ အောက်ထိ ပြုတ် ကျ သွားခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ် ကတည်းက ရေနံဈေးကွက် အကျပ်ဆိုက် နေခဲ့တာပါ။

ဒါကြောင့် တရုတ် စီးပွားရေး အခြေအနေ မကောင်းလို့ တရုတ် ဘက်က ဝယ်လိုအား ကျဆင်း နေသလို အမေရိကန် ရဲ့ ထုတ်လုပ်မှု ကလည်း မြင့်မား လာခဲ့ပါတယ်။

ဒီသတင်းတွေ ထွက်လာပြီးနောက် အမေရိကန် စတော့ ဈေးကွက် တွေလည်း ထိုးကျ သွားပါတယ်။

အဓိက ရှယ်ယာဈေးကွက် ၃ ခုမှာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ဈေးပိတ် သွားခဲ့တာပါ။

BBC Burmese
http://www.bbc.com/burmese
ကမ္ဘာ့ ရေနံဈေး အနိမ့်ဆုံး ထိုးကျ ကမ္ဘာ့ ရေနံဈေး အနိမ့်ဆုံး ထိုးကျ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.