(၂၈) နှစ်အရွယ်သားက အသက် (၇၀) အရွယ် ဖခင်အရင်းဖြစ်သူကို ဓါးဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ဇနီး၊ ဓါးဖြင့် ခုတ်သည်ဆိုသူ၏ မိခင်က ရဲစခန်းတွင်တိုင်ကြား


မင်းတုန်း၊ ဇန်န၀ါရီ ၉ ။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင် မင်းတုန်းမြို့နယ်ရှိ တောင်ယာတဲ၌ ဖခင်ဖြစ်သူကသားဖြစ်သူအား ဆိုဆုံးမသည့် ကိစ္စနှင့် ပက်သက်၍ သားဖြစ်သူကဖခင်ဖြစ်သူအား ဓါးနှင့်ခုတ်သတ်ခဲ့မှု ဇန်နဝါရီ(၈)ရက်နေ့နံနက်ပိုင်း ကဖြစ်ပွားခဲ့ကြောင်း သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဇန်န၀ါရီလ ၉ ရက်နေ့တွင်ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၈)ရက်နေ့နံနက်(၇)နာရီအချိန်က မင်းတုန်းမြို့နယ်၊မိုးကောင်းကျေးရွာနေ ဒေါ်အေးတင်၊အသက်(၆၂)နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦး..........အသက်(၇၀)နှစ် နှင့် သားဖြစ်သူ မောင်............... အသက်(၂၈)နှစ်တို့ အလုပ်လုပ်ကိုင်သည့်တောင်ယာတဲတို့ စားစရာရိက္ခာများသွားရောက် ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူဦး....... အသက် (၇၀)နှစ်မှာ ယာခင်းတဲတွင် လည်ပင်းဝဲဘက်ခြမ်းပြတ်ရှဒဏ်ရာ၊ ၀ဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ၀ဲလက်မပြတ်ရှဒဏ်ရာများရရှိကာ ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊သားဖြစ်သူမောင်.....(၂၈) နှစ်ကိုလည်း အဆိုပါတဲ အနီးတွင် အရိုးအသွား(၂)ပေခန့်၊ဗျက်(၁)လက်မခန့်ရှိဓားဦးချွန်အား ကိုင်ဆောင်လျက်တွေ့ရှိရကြောင်း၊ သားဖြစ်သူကိုမေးမြန်းရာ သားဖြစ်သူ မောင်......... (၂၈)နှစ်က ၎င်းအား ဖခင်ဖြစ်သူ (သေဆုံးသူ)က “ မင်းမူးနေတာပဲ၊အလုပ်မလုပ်ဘူး၊စကားများနေတာပဲ“ဟုပြောသဖြင့် ဓားနှင့်ခုတ်သတ်ခဲ့ကြောင်းပြန်လည်ပြောဆိုသည်ဟု တရားလိုဖြစ်သော သေဆုံးသူ၏ဇနီး၊ ဓါးဖြစ်ခုတ်ခဲ့သည်ဆိုသောမောင်......(၂၈)နှစ်၏ မိခင်ဒေါ်အေးတင်၏တိုင်ကြားချက်အရသိရကြောင်း အထက်ပါတာဝန်ကျရဲဝန်ထမ်းကပြောသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ မောင်.........( ၂၈)နှစ်အား မိခင်ဖြစ်သူ ဒေါ်အေးတင်က တရားလိုပြုလုပ်တိုင်ကြားခဲ့သောကြောင့် မင်းတုန်းမြို့နယ်၊မြို့မရဲစခန်းက (ပ)၅/၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း ၄င်းကပြောသည်။

စပ်မြတ်ကြည်ကြည်ဟုန်း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
(၂၈) နှစ်အရွယ်သားက အသက် (၇၀) အရွယ် ဖခင်အရင်းဖြစ်သူကို ဓါးဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ဇနီး၊ ဓါးဖြင့် ခုတ်သည်ဆိုသူ၏ မိခင်က ရဲစခန်းတွင်တိုင်ကြား  (၂၈) နှစ်အရွယ်သားက အသက် (၇၀) အရွယ် ဖခင်အရင်းဖြစ်သူကို ဓါးဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ဇနီး၊ ဓါးဖြင့် ခုတ်သည်ဆိုသူ၏ မိခင်က ရဲစခန်းတွင်တိုင်ကြား Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.