ဘာလီမှာ အကြမ်းဖက်မယ် ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိ

ဂျာကာတာမှာ အကြမ်းဖက်မှု ဖြစ်ပြီးနောက် လုံခြုံရေး တင်းကြပ်ထား (Credit: ABC)
အင်ဒိုနီးရှားနိုင်ငံက ​ကမ္ဘာလှည့် ​ခရီးသည်တွေ ​သွားလာမှု ​များတဲ့ ​ဘာလီကျွန်းမှာ ​အကြမ်းဖက်မှု ​လုပ်မယ်လို့ ​အစိုးရက ​ခြိမ်းခြောက်စာ ​ရရှိတဲ့အတွက် ​လုံခြုံရေးတွေ ​တင်းကြပ်နေပါတယ်။

မြို့တော် ​ဂျာကာတာ ​မြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီး ​တစ်ပါတ်တောင် ​မရှိတဲ့ ​အချိန်မှာပဲ ​အခုလို ​ခြိမ်းခြောက်စာ ​ရရှိထားတာပါ။

ဘာလီမြောက်ပိုင်းက ​Buleleng ​မြို့ ​အာဏာပိုင်တွေက ​ခြိမ်းခြောက်စာ ​ရရှိတာ ​ဖြစ်ပြီး ​Denpasar ​နဲ့ ​Singaraja ​ကိုလည်း ​တိုက်ခိုက်မယ်လို့ ​ပါရှိပါတယ်။

တစ်ယောက်ယောက်က ​ပျော်စေပျက်စေနဲ့ ​ရေးထားတာ ​ဖြစ်နိုင်ပေမယ့် ​ရဲတွေကတော့ ​ဒီကိစ္စကို ​အရေးတယူ ​လုပ်ပြီး ​လုံခြုံရေး ​တိုးမြင့်ထားတယ်လို့ ​အင်ဒိုနီးရှား ​ရဲက ​ပြောပါတယ်။

လေဆိပ်တွေ၊ ​ဖျော်ဖြေရေး ​စင်တာတွေနဲ့ ​အစိုးရ ​ရုံးတွေမှာ ​လုံခြုံရေး ​ပိုမို ​ချထားတာ ​ဖြစ်ပါတယ်။

အထူးတပ်ဖွဲ့တွေကိုလည်း ​ကမ္ဘာလှည့် ​ခရီးသည်တွေ ​သွားလာမှုများတဲ့ ​နေရာကို ​ပို့ဆောင်ထားပြီး ​နိုင်ငံခြားက ​ကောင်စစ်ဝန်ရုံးတွေမှာလည်း ​လုံခြုံရေး ​တိုးချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ကြာသပတေးနေ့တုန်းကပဲ ​ဂျာကာတာ ​မြို့မှာ ​ဗုံးဖောက်ခွဲမှုတွေ ​သေနတ် ​ပစ်ခတ်မှုတွေ ​ဖြစ်ပွားခဲ့ရာက ​လူ ​၈ ​ဦး ​သေဆုံးပြီး ​ပြည်သူ ​၄ ​ဦး ​ပါဝင်ပါတယ်။

IS ​အစ္စလာမ်မစ် ​အဖွဲ့ကတော့ ​အဲဒီအကြမ်းဖက်မှုဟာ ​သူတို့ရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘာလီမှာ အကြမ်းဖက်မယ် ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိ  ဘာလီမှာ အကြမ်းဖက်မယ် ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိ Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.