ဂျာကာတာမှာ အကြမ်းဖက်မှု ဖြစ်ပြီးနောက် လုံခြုံရေး တင်းကြပ်ထား (Credit: ABC) |
မြို့တော် ဂျာကာတာ မြို့မှာ အကြမ်းဖက်မှု ဖြစ်ပေါ်ပြီး တစ်ပါတ်တောင် မရှိတဲ့ အချိန်မှာပဲ အခုလို ခြိမ်းခြောက်စာ ရရှိထားတာပါ။
ဘာလီမြောက်ပိုင်းက Buleleng မြို့ အာဏာပိုင်တွေက ခြိမ်းခြောက်စာ ရရှိတာ ဖြစ်ပြီး Denpasar နဲ့ Singaraja ကိုလည်း တိုက်ခိုက်မယ်လို့ ပါရှိပါတယ်။
တစ်ယောက်ယောက်က ပျော်စေပျက်စေနဲ့ ရေးထားတာ ဖြစ်နိုင်ပေမယ့် ရဲတွေကတော့ ဒီကိစ္စကို အရေးတယူ လုပ်ပြီး လုံခြုံရေး တိုးမြင့်ထားတယ်လို့ အင်ဒိုနီးရှား ရဲက ပြောပါတယ်။
လေဆိပ်တွေ၊ ဖျော်ဖြေရေး စင်တာတွေနဲ့ အစိုးရ ရုံးတွေမှာ လုံခြုံရေး ပိုမို ချထားတာ ဖြစ်ပါတယ်။
အထူးတပ်ဖွဲ့တွေကိုလည်း ကမ္ဘာလှည့် ခရီးသည်တွေ သွားလာမှုများတဲ့ နေရာကို ပို့ဆောင်ထားပြီး နိုင်ငံခြားက ကောင်စစ်ဝန်ရုံးတွေမှာလည်း လုံခြုံရေး တိုးချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကပဲ ဂျာကာတာ မြို့မှာ ဗုံးဖောက်ခွဲမှုတွေ သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာက လူ ၈ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ပါဝင်ပါတယ်။
IS အစ္စလာမ်မစ် အဖွဲ့ကတော့ အဲဒီအကြမ်းဖက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘာလီမှာ အကြမ်းဖက်မယ် ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိ
Reviewed by THITHTOOLWIN
on
15:34
Rating: