လက်ျာစွန်းရောက်တွေကို ဂျာမန်ရဲတွေ မီးသတ်ပိုက်သုံး ဖြိုခွဲ

လက်ျာစွန်းရောက်တွေကို ဂျာမန်ရဲတွေ မီးသတ်ပိုက်သုံး ဖြိုခွဲ
ဂျာမနီ နိုင်ငံ ကိုလုံး မြို့ မှာ နိုင်ငံခြားသား ပြောင်းရွှေ့ဝင်ရောက်မှု အပေါ် ကန့်ကွက် နေကြတဲ့ ဆန္ဒပြ သမားတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲ ဖြိုခွင်း ခဲ့ ပါတယ်။

နှစ်သစ်ကူး ကာလတုန်းက ကိုလုံးမြို့ ပေါ်မှာ အမျိုးသမီးတွေ အပေါ် ကျူးလွန် စော်ကားတဲ့ ဖြစ်ရပ် တွေ ဖြစ်ပေါ် ခဲ့တာမှာ တချို့ အမှုတွေကို ရွှေ့ပြောင်းဝင်ရောက် လာသူတွေက ကျုးလွန် ခဲ့တာ ဖြစ်တယ် ဆိုပြီး ဆန္ဒပြ လက်ျာ အုပ်စု တွေက ပြောပါတယ်။

ကိုလုံးမြို့ ဆန္ဒပြ ချီတက်ပွဲကို ပေဂီးဒါး ဆိုတဲ့ အဖွဲ့ အပါအဝင် တခြား လက်ျာစွန်းရောက် အင်အားစု တွေ စုပေါင်း ပြီး ပြုလုပ် ခဲ့ကြတာပါ။

ရဲတပ်ဖွဲ့က ရှေ့ မတိုးဖို့ ပြောတာကို နားမထောင်ပဲ ရရာ ပစ္စည်းတွေ နဲ့ ပစ်ပေါက်တာမျိုး တွေ လုပ်လာ ခဲ့ကြတယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ပြောင်းရွှေ့ ဝင်ရောက် လာသူတွေ ကို ကြိုဆို ထောက်ခံကြောင်း ပြသကြသူတွေ ရဲ့ ပွဲလည်း ကိုလုံး မြို့လယ်မှာ ရှိခဲ့တာ မှာ အဲဒီ့ နေရာမှာ ရာ ဂဏန်း တချို့ အင်အား ရှိတဲ့ ရဲ တပ်ဖွဲ့ အစောင့်အကြပ် တွေ ချ ထား ပါတယ်။

ဆန္ဒပြ ခဲ့ကြတဲ့ ဘက် နှစ်ဘက် မှာ ပါဝင် ကြသူ တွေ အရေ အတွက် ကို ကြည့်ရင်တော့ လူ၂ ထောင် ဝန်းကျင် လောက်စီပဲ ရှိပါတယ်။

ကိုလုံး မြို့ က နှစ်သစ်ကူး မှုခင်း ဖြစ်ရပ် တွေ ကို အာဏာပိုင် တွေ ဘက်က တုံ့ပြန် ကိုင်တွယ် တဲ့ အနေနဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ နိုင်ငံခြားသား တွေကို တိုင်းပြည် ကနေ ပြန်လည် နှင်ထုတ်တဲ့ အခါ ပိုပြီး အလွယ်တကူ ဖြစ်စေမယ့် နည်းလမ်း တွေ ကို ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က အကြံပြု တင်ပြ ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
လက်ျာစွန်းရောက်တွေကို ဂျာမန်ရဲတွေ မီးသတ်ပိုက်သုံး ဖြိုခွဲ လက်ျာစွန်းရောက်တွေကို ဂျာမန်ရဲတွေ မီးသတ်ပိုက်သုံး ဖြိုခွဲ Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.