လှိုင်သာယာရဲအရာရှိသတ်သည့် တရားခံနှစ်ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ်


၂၀၁၅ ခုနှစ်က အောင်ဇေယျ အိမ်ယာလမ်း လမင်ရိပ်လက်ဖက်ရည်ဆိုင်ရှေ့ ၌ အမှုလိုက် ရဲအရာရှိအား သတ်ခဲ့သည့် တရားခံနှစ်ဦးအား ပုဒ်မ ၃၀၂ (၂) ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ဇန်န၀ါရီ ၂၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်ကြောင်း သိရသည်။

တရားခံချစ်ကိုနှင့် တက်ပုတို့အား ကြိုတင်ကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်သည့် ပုဒ်မ ၃၀၂ (၁)(ခ) ဖြင့် စွဲချက်တင်ထားသောအမှုအား တရားသူကြီးမှ စစ်ဆေးရာတွင် ကြိုတင်ကြံရွယ်သည့် ထောက်ခံချက်မခိုင် လုံသဖြင့် တရားခံနှစ်ဦးအား လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်သည်။

အမှုစစ်ဆေးရာတွင် ခံပြသက်သေ ၂ ဦး၊ တရားလိုနှင့် အမှုစစ်အပါအ၀င် ၁၄ တို့ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) ဖြင့် ချမှတ်လိုက်ကြောင်း သိရသည်။ အမိန့်ချမှုနှင့်ပတ်သက်၍ အယူခံဝင်တော့မည်မဟုတ်ကြောင်း တရားခံ ရှေ့နေက ပြောကြားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လှိုင်သာယာရဲအရာရှိသတ်သည့် တရားခံနှစ်ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ်   လှိုင်သာယာရဲအရာရှိသတ်သည့် တရားခံနှစ်ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ် Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.