ထိုင်းနိုင်ငံဘန်ကောက်နှင့် မြို့ နယ်တချို့ တွင် ရေကြီးမှုများဖြစ်ပွား
News update 20-1-2016
ထိုင်း နိုင်ငံ ဘန်ကောက်နဲ့  စမုတ်ပကမ် Samut Prakan မြို့ နယ်တွင် ယနေ့ မနက်ပိုင်းမှာ မြို့ တွင်းရပ်ကွက် အတော်များများ ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်နေတာကြောင့် လမ်းတွေ ပိတ်ဆို့ ခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းစာ ဖေ့ဘွတ်စာမျက်နှာမှာဖေါ်ပြ ထားပါတယ်။
ယနေ့ မနက်းပိုင်းကစ ဘန်ကောက်နဲ့ မြို့ နယ်တချို့ မှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ၊ ဘန်ကောက်မြို့ က အဓိက လမ်းမတွေဖြစိတဲ့ ချရွမ်ကုန် Charoen Krung နဲ့  Tanon Tok ထနုံတုတ်-ချန်း လမ်းမ စတဲ့နေရာတွေ မှာ ကားလမ်းပိတ် ဆို့ မှုတွေဖြစ်ခဲ့ပါတယ်။
စမုတ်ပကမ်နဲ့ ဘန့် ပူ မြို့ နယ်က စက်မှုဇုံတွေမှာ ရေက နှစ်ပေကျော် အထက် ရေကြီးနေခဲ့လို့  ဆိုင်ကယ်တွေ ကားတွေမောင်နှင်ဘို့  အခက်ခဲတွေ ဖြစ်ခဲ့တာကြောင့် ကျောင်းပို့ ချိန်တွေ အချိန်နောက်ကျခဲ့ပြီး အစိုးရရုံးကုပဏီဝန်ထမ်းတွေအလုပ်ချိန် နောက်ကျနေခဲ့ရကြောင်း ရေးသားထားပါတယ်။
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Powered by Blogger.