အငြိမ်းစားရဲနေအိမ်ကို မျက်နှာဖုံးစွပ်လူသုံးဦး ဝင်ပြီး ဓားဖြင့်ခုတ်လက်ဝတ်ရတနာများယူပြေး


ဇန်န၀ါရီ ၁၆ ရက် ၂၀၁၆

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် အငြိမ်းစားရဲဝန်ထမ်းတစ်ဦး ၏နေအိမ်သို့ မျက်နှာဖုံးစွပ်လူသုံးဦးက ဓားဖြင့်ဝင်ခုတ်ကာ လက်ဝတ် ရတနာများယူဆောင်ထွက်ပြေးသည့်ပြစ်မှုတစ်ခုကို ယမန်နေ့ကဖြစ်ပွား ခဲ့ကြောင်း တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

 ဖြစ်စဉ်မှာ တမူးမြို့နယ် နန့်မွန် တားရွာနေ အငြိမ်းစားရဲဝန်ထမ်း ဦးလျန်ခန့်ဟောက် အသက်(၇၃ နှစ်)နှင့်ဇနီးဖြစ်သူတို့သည် ည ၇ နာရီခန့်နေအိမ်၌ရှိနေစဉ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

''ရဲဝန်ထမ်းဟောင်းနဲ့သူ့ဇနီး မှာတော့ မျက်နှာနဲ့ဦးခေါင်းမှာ ဓား ဒဏ်ရာတွေရလို့ တမူးဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်''ဟု တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးတင့်ဝေကပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကိုစုံစမ်း၍ အမှုကို (ပ)၅/၂ဝ၁၆ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၃၉၄ဖြင့်အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
အငြိမ်းစားရဲနေအိမ်ကို မျက်နှာဖုံးစွပ်လူသုံးဦး ဝင်ပြီး ဓားဖြင့်ခုတ်လက်ဝတ်ရတနာများယူပြေး  အငြိမ်းစားရဲနေအိမ်ကို မျက်နှာဖုံးစွပ်လူသုံးဦး ဝင်ပြီး ဓားဖြင့်ခုတ်လက်ဝတ်ရတနာများယူပြေး Reviewed by THITHTOOLWIN on 14:56 Rating: 5
Powered by Blogger.