ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက် နှစ်ဦးဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး


ရန်ကုန် ဇန်နဝါရီ ၂

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာမှု အားနည်းသည့်အတွက် လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှု နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီက ရွှေလင်ပန်း စက်မှုဇုန် မူကြို လမ်းဆုံအနီး စက်ရုံရှေ့၌ ဆိုင်ကယ်နှင့် ရေခဲတင်လာ သောယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေလင်ပန်းစက်မှု ဇုန်အဝိုင်းကြီးမှ မူကြိုလမ်းဆုံ ဘက်သို့ ရွှေပြည်သစ် ရေခဲစက်မှ ကိုဇေယျထွန်း (၃၀နှစ်) မောင်းနှင် လာသည့် 9H/---- ဟိုက်အေ့ခ်ျ ယာဉ်နှင့် မူကြိုလမ်းဆုံအနီး စက်ရုံရှေ့အရောက် မူကြို လမ်းဆုံမှ ရွှေလင်ပန်း အဝိုင်းကြီး သို့ မောင်းနှင်လာသော ဆိုင်ကယ်က ရှေ့မှယာဉ်ကို ကျော်တက်စဉ် တစ်ဖက် ယာဉ်ကြောမှ လာသောယာဉ်နှင့် မျက်နှာချင်ဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းသူနှင့် နောက်မှ လိုက်ပါသော အမျိုးသမီးတို့ ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအားအင်းစိန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေး ယူထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက် နှစ်ဦးဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး  ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက် နှစ်ဦးဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.