ဂျကာတာမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လမ်းတွေပေါ်မှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းတွေ ရရှိပါတယ်။

ကုန်တိုက်အပါအ၀င် နေရာအတော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်ရေးသမားတွေဟာ လူပေါင်း တစ်ဒါဇင်ကျော်ခန့်ရှိမယ်လို့ ရဲတွေက ပြောဆိုပြီး သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒို က အခုလို အကြမ်းဖက်လုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အခုအဖြစ်အပျက်မှာ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းကြေကွဲရသလို လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ပြည်သူတွေအကြား အထိတ်တလန့်ဖြစ်အောင်လုပ်တဲ့ လုပ်ရပ်အပေါ် ရှုတ်ချပါတယ်လို့ သမ္မတ ၀ီဒိုဒိုက ပြောကြားပါတယ်။

အခုလုပ်ရပ်အပေါ် မည်သူမည်ဝါရဲ့ လက်ချက်ဆိုတာ မသိရှိရသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese
ဂျကာတာမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်  ဂျကာတာမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ် Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.