နေအိမ်တွေ လာရောက်ဖျက်ဆီးမှာကို ပျဉ်းမပင်ရွာသားတွေ စိုးရိမ်





ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၄ ရွာက နေအိမ်တွေကို လူအင်အားနဲ့ လာရောက်ဖျက်ဆီးမှာ စိုးရိမ်တာကြောင့် ရွာသူရွာသားတွေဟာ သူတို့နေထိုင်တဲ့ ကျေးရွာလမ်းထိပ်တွေမှာ ဒီကနေ့ ညပိုင်းက စောင့်အိပ်နေကြပါတယ်။

ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြေဧက ၅ဝဝ ကျော်ကို မြန်မာစီးပွားရေး ဦးပိုင်လီမီတက်ပိုင်တဲ့မြေဆိုပြီး ဒီနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ညပိုင်း နောက်ဆုံးထားဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Photo Aung Thain Kha/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese
နေအိမ်တွေ လာရောက်ဖျက်ဆီးမှာကို ပျဉ်းမပင်ရွာသားတွေ စိုးရိမ်  နေအိမ်တွေ လာရောက်ဖျက်ဆီးမှာကို ပျဉ်းမပင်ရွာသားတွေ စိုးရိမ် Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.