သာသနာ့အဆောက်အအုံအတွင်း ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စရပ်များ တိုင်ကြားပါက အရေးယူမည်


 သာသနာ အဆောက်အအုံ ၀င်းများ အတွင်း ဥပဒေ မလွတ်ကင်းသော ကိစ္စရပ်များ လုပ်ဆောင်မှုရှိလျှင် တိကျစွာ တိုင်ကြားမှသာ အရေးယူနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သာသနာ့ အဆောက်အအုံ ၀င်းများ အတွင်း ဥပဒေနှင့် ကိုက်ညီခြင်း မရှိသော ကိစ္စရပ်များ လုပ်ဆောင်မှုအတွက် စစ်ဆေးရာတွင် အခက်အခဲများ ရှိခြင်းကြောင့် တိကျစွာ တိုင်ကြားမှသာ အရေးယူနိုင်မည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ထွန်းကဆိုသည်။

“ဘုန်ကြီးကျောင်းတွေဆိုတော့ ဒီအတိုင်းကြီးလည်း သွားဖမ်းလို့ မရဘူး။ ပြဿနာ  တက်မှ တိုင်ကြား လာရင် တော့ သက်ဆိုင်ရာ တိုင်းသာသာရေး၊ ခရိုင်သာသနာရေးတို့နဲ့ ချိတ်ဆက်ပြီး လုပ်ရမှာဖြစ်ပါတယ်”ဟု ဒုတိယ ရဲမှူးကြီး စိန်ထွန်းကဆိုသည်။

သာသနာ့ အဆောက်အအုံများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက စက်မှုလုပ်ငန်းများကို အသုံးပြုပြီး အိမ်သုံးမီတာခ ပေးဆောင်နေမှုများအတွက် ပြင်ဆင်ပေးရန် တင်ပြသည့် ဖြစ်စဉ်များလည်း ၂၀၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မြင့်
ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တိုင်ကြားမှုများအရ ဘုန်ကြီးကျောင်းဝင်းအတွင်း တရားမ၀င် သစ်များထားရှိမှု၊ လောင်းကစားဝိုင်းများ လုပ်ဆောင်မှုများအတွက် သက်ဆိုင်ရာ ဌာန အသီးသီး ပူးပေါင်းကာ ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လောင်းကစားဝိုင်း ရှိသည်ဟု တိုင်ကြားခဲ့သည့် ဖြစ်စဉ်အတွက် စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ရကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်း - MMK
Photo – Saung Phyu
The Ladies News Journal
https://www.facebook.com/News.TheLadies
သာသနာ့အဆောက်အအုံအတွင်း ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စရပ်များ တိုင်ကြားပါက အရေးယူမည်   သာသနာ့အဆောက်အအုံအတွင်း ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စရပ်များ တိုင်ကြားပါက အရေးယူမည် Reviewed by THITHTOOLWIN on 12:52 Rating: 5
Powered by Blogger.