ကနေဒါမှာ စာသင်ကျောင်းထဲ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ လူ ၅ ဦးသေဆုံး



ကနေဒါ နိုင်ငံထဲ ဆာကက်ခ်ျတာဝမ် ဆိုတဲ့ ဒေသမှာ ဖြစ်ခဲ့တဲ့ စာသင်ကျောင်း သေနတ် ပစ်ခတ်မှု အတွင်း ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာ ရသွားတယ်လို့ ကနေဒါ ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒိုက အတည်ပြု ပါတယ်။

ပစ်ခတ်မှု ကျုးလွန်ခဲ့သူ လို့ သံသယ ရှိရသူ ကို ကနေဒါ အာဏာပိုင် တွေက ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

အခြေအနေကို ကောင်းကောင်း ထိန်းချုပ် ထားနိုင်ပြီ ဖြစ်တယ် လို့ ရဲတွေက သူ့ကို သတင်းပို့ ထားတယ် ဆိုပြီးတော့လည်း ၀န်ကြီးချုပ် က သတင်းထောက်တွေကို ပြောပါတယ်။

ဌာနေ အဘူရီဂျီနီ တွေရဲ့ ဒေသထဲက La Loche ဆိုတဲ့ စာသင်ကျောင်း တစ်ခု မှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အကြောင်း ဒေသ အာဏာပိုင် အကြီးအကဲ ဘရက်ဝေါလ် ကလည်း ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထုတ်မပြော သေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese/
ကနေဒါမှာ စာသင်ကျောင်းထဲ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ လူ ၅ ဦးသေဆုံး  ကနေဒါမှာ စာသင်ကျောင်းထဲ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:50 Rating: 5
Powered by Blogger.