ရွှေပြည်သာမြို့နယ်နေ အလှပြင်ဆိုင် အလုပ်သမ(၄)ဦးပျောက်ဆုံးနေ


 ပျောက်ဆုံးနေသူ(၄)ဦးအား တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန် ဖော်ပြခြင်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၂

၅.၁.၂၀၁၆ ရက်နေ့ ၀၅၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ်နေ မဖြူဖြူနွယ်မှ ၎င်း၏အလှပြင်ဆိုင် အလုပ်သမားများဖြစ်ကြသော မနွယ်နီဌေး၊ (၂၁)နှစ်၊ မသီတာမိုး၊ (၁၈)နှစ်၊ မယဉ်ယဉ်အေး၊ (၂၁)နှစ်နှင့် မယုစန္ဒာ၊ (၁၉)နှစ်တို့ (၄)ဦးမှာ ပျောက်ဆုံးနေသဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ လူပျောက်ရေးဖွင့် တိုင်တန်း လာခဲ့ပါသည်။

ထိုသို့ တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၁/၂၀၁၆)ဖြင့်ရေးဖွင့်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပျောက်ဆုံးသူများ၏ မှတ်တမ်းဓာတ်ပုံများပေးပို့ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေကြသူများမှာ ဓာတ်ပုံတွင်ဖော်ပြထားသူများဖြစ်ပြီး ၎င်းပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေ လျက်ရှိရာတွင် အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ပြည်သူများမှလည်း
၎င်းတို့နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက အောက်ပါ ဖုန်းနံပါတ် များသို့ သတင်းပေးဆက်သွယ်ကူညီနိုင်ပါရန် ဖော်ပြအပ်ပါသည် -

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၆၄၅၈၂၄
ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၁၀၆၆၄
ရွှေပြည်သာမြို့မရဲစခန်း - ၀၁ ၆၁၀၆၆၇

Yangon Police
https://www.facebook.com/yangonpolice
ရွှေပြည်သာမြို့နယ်နေ အလှပြင်ဆိုင် အလုပ်သမ(၄)ဦးပျောက်ဆုံးနေ  ရွှေပြည်သာမြို့နယ်နေ အလှပြင်ဆိုင် အလုပ်သမ(၄)ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.